အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)ကို မတ်လ ၁၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေး၌ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင်-

  • လာမည့်ဘဏ္ဍာရေးနှစ်သည် ဘဏ္ဍာရေးနှစ်သစ်ဖြစ်သည့်အတွက် ဧပြီလမှ မတ်လ အထိကာလကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းသည် အမျိုးသားဖွံ့ဖြိုးမှု(၅)နှစ် စီမံကိန်းမူဘောင်ကို အခြေခံပြီးရေးဆွဲထားသည်ကိုလည်း တွေ့ရကြောင်း၊ (၅)နှစ် စီမံကိန်းမူဘောင်ကို နှစ်စဉ်စီမံကိန်းများနှင့် ပြန်လည်ချိန်ညှိပြီး ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် နောင်ကာလများတွင် တာဝန်ယူ ဆောင်ရွက်မည့် အစိုးရများက ပြန်လည်သုံးသပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တာဝန်ယူနေသည့် အရေးပေါ်ကာလတွင် ပြည်သူပြည်သားများ၏ စားဝတ်နေရေးဖူလုံရေးနှင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့်ပြီးမြောက်စေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်က ချမှတ်ထားသည့် ဦးတည်ချက်များကို အတတ်နိုင်ဆုံးအကောင်အထည်ဖော်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်လျက်ရှိကြောင်း၊ လာမည့်နှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ပြည်သူလူထု၏ စားဝတ်နေမှုဖူလုံစေရေးများကို အလေးထား ဦးစားပေးဆောင်ရွက် သွားမည် ဖြစ်ကြောင်း။
  • အလျင်အမြန် အကျိုးဖြစ်ထွန်းစေမည့်လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ရန် လိုအပ်သကဲ့သို့ ဆောင်ရွက်ဆဲစီမံကိန်းကြီးများ အမြန်ဆုံးပြီးပြတ်စေရေးနှင့် စီမံကိန်း၏ အကျိုးရလဒ်များကို ပြည်သူများအမြန်ဆုံးရရှိ ခံစားနိုင်စေရေးကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့စေရန်  ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • လာမည့်ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ ဆေးထုတ်လုပ်မှုကို ရေတိုအစီအစဉ်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ  Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  Ready to fill bulk အနေဖြင့်ဝယ်ယူပြီး ပုလင်းသွင်းဖြည့်တင်းထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်သွားရန်အတွက် ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ Ready to fill Bulk ဝယ်ယူထုတ်လုပ်ခြင်းဖြင့် ယခုဝယ်ယူအသုံးပြုနေရသည့် ဈေးနှုန်းထက်သက်သာပြီး နိုင်ငံတော်အတွက် နိုင်ငံခြားငွေသုံးစွဲမှုလျော့ကျလာမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း ရည်မှန်းထားသည့်အတိုင်း ထုတ်လုပ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန် လိုမည်ဖြစ်ကြောင်း။
  • ရပ်ဆိုင်းထားသည့် စက်ရုံ၊ အလုပ်ရုံများကို သတ်မှတ်အချိန်အတိုင်း လည်ပတ်နိုင်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ပေါင်းစပ်ညှိနှိုင်းကြီးကြပ်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။
  • နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စီးပွားရေးသာမက လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အရေးကြီးကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ (၅) နှစ်နှင့်အထက် လူဦးရေ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်းသည်လုံးဝ ကျောင်းမနေ ဖူးသူများဖြစ် သည်ကိုတွေ့ရပြီး အခြေခံပညာအဆင့်ကို ပြီးမြောက်သည့် ရာခိုင်နှုန်းသည်လည်း ၂၂ ရာခိုင်နှုန်းကျော်သာရှိသည်ကို တွေ့ရသည့်အတွက် အတန်းပြီးမြောက်မှုနှုန်း မြင့်မားရေးနှင့် သက်မွေးပညာသင်တန်းများမှတစ်ဆင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးကို အလေးထားဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။
  • မသင်မနေရပညာရေးအဆင့်ကို မိမိတို့အစိုးရအနေဖြင့် KG+9 ပြီးမြောက်စေရန် အတွက် မိဘ၊ ဆရာ၊ ကျောင်းသား အုပ်ချုပ်ရေးအဖွဲ့အစည်းတို့က ကြိုးပမ်းရမည် ဖြစ်သည့်အပြင် လူမှုအဖွဲ့အစည်းများက ဝိုင်းဝန်းကြိုးပမ်းပေးရမည်ဖြစ်ကြောင်း၊ အရည်အသွေးရှိသည့် ပညာရေးစနစ်ဖြစ်စေရန်အတွက် ဆရာ၊ ဆရာမများ၏ အရည်အသွေးတိုးမြှင့်ရေးကိုလည်း အလေးထားဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
  • မမျှော်မှန်းနိုင်သောသဘာဝဘေးများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများကို စနစ်တကျစီမံရမည်ဖြစ်ကြောင်း၊ ထိခိုက်လာပါကလည်း အထိအခိုက်၊ အပျက်အစီးအနည်းဆုံးဖြစ်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့် မိမိတို့ဒေသ၏ အားသာချက်များအပေါ် မူတည်ပြီး ဒေသစားနပ်ရိက္ခာဖူလုံရေးနှင့် ပိုလျှံမှုကို ပြည်တွင်းနှင့် ပြည်ပသို့ တိုးချဲ့ တင်ပို့နိုင်မည့်နည်းလမ်းများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့။

အမျိုးသားစီမံကိန်းကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမျိုးသားစီမံကိန်းရည်မှန်းချက်များ အပြည့်အဝအကောင်အထည်ဖော်ရာတွင် ဆောင်ရွက်ရမည့်အခြေအနေများကိုပြောကြားပြီး ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်တို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပါသည်။

ထို့နောက် အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က -

  • ပြည်ထောင်စုဝန်ကြီးများအနေဖြင့် အလုပ်တစ်ခုပြီးမြောက်နိုင်ရန်အတွက် သာမန်သာဆောင်ရွက်နေမှုမျိုးမဟုတ်ဘဲ မိမိတို့လုပ်ဆောင်သင့်သည်များကို တွန်းအားမပါဘဲအသိစိတ်ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ကြရန်တာဝန်ရှိကြောင်း၊ စီမံကိန်းများအောင်မြင်စေရန်အတွက်ဆောင်ရွက်ရာတွင် သွင်းအားစုများမှန်မှန် ရရှိအောင် စီမံဆောင်ရွက်ပေးရန်နှင့် အကျိုးရှိရှိအသုံးချကြရန်လိုကြောင်း၊ ငွေကြေးများသုံးစွဲရာတွင်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျသုံးစွဲကြရန်လိုပြီး မကုန်သင့်သည်များ ကုန်ကျမှုမရှိရန် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း။
  • မြန်မာနိုင်ငံတွင် ထုတ်ကုန်များပြည့်ဝစွာထုတ်လုပ်နိုင်ရေး သက်ဆိုင်သည့်အဖွဲ့အစည်းများအားလုံး ကြိုးပမ်းဆောင်ရွက်ကြပါက ပြည်ပသွင်းကုန်များကို လျှော့ချနိုင်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများရရှိမည်ဖြစ်ပြီး ပြည်သူများဝင်ငွေရရှိလာမည်ဖြစ်ကာ ငွေကြေးလည်ပတ်မှုကောင်းမွန်လာမည်ဖြစ် ကြောင်း၊ ငွေကြေးလည်ပတ်စီးဆင်းမှုကောင်းမွန်လာပြီဆိုပါက ဝယ်လိုအားနှင့် ရောင်းလိုအားများ ကောင်းမွန်လာမည်ဖြစ်ကြောင်း။
  • နိုင်ငံခြားငွေလိုအပ်မှုလျှော့ချနိုင်ရေးအတွက် ကုန်သွယ်မှုတွင် စားကုန်၊ သောက်ကုန်နှင့် သုံးကုန်များတင်သွင်းမှုကို တတ်နိုင်သမျှလျှော့ချရန်လိုကြောင်း၊ နိုင်ငံခြားလိုငွေများလျှော့ချနိုင်မည်ဆိုပါက မိမိတို့နိုင်ငံ၏ ငွေကြေးတန်ဖိုး မြင့်တက်လာမည်ဖြစ်ကြောင်း။
  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကို ပြဋ္ဌာန်းတော့မည်ဖြစ်သည့်အတွက် ဥပဒေမပြဋ္ဌာန်းမီ ကြိုတင်စီမံဆောင်ရွက်သင့်သည့်ကိစ္စရပ်များကို ကြိုတင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • ပြည်ပမှ မှာယူတင်သွင်းမည့် ကိစ္စရပ်များမှာလည်း ပြည်တွင်းတွင်မရရှိမှသာ ဆောင်ရွက်ရန်နှင့် နိုင်ငံခြားငွေချွေတာသုံးစွဲရေးကိုလည်း အထူးသတိပြု ဆောင်ရွက်ရန် မှာကြားလိုကြောင်း၊ ယခုအတည်ပြုပြီး ဥပဒေပြဋ္ဌာန်းတော့မည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းပါလုပ်ငန်းများကို သတ်မှတ်ထား သည့် နည်းလမ်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိ တို့ ဆောင်ရွက်ရမည့်ကိစ္စရပ်များအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် ဆောင်ရွက်သွားရန် လိုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ အမျိုးသားစီမံကိန်းကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်လျက်ရှိ၊ လာမည့်နှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ပြည်သူလူထု၏ စားဝတ်နေမှုဖူလုံစေရေးများကို အလေးထား ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်။
  • လာမည့်ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ ဆေးထုတ်လုပ်မှုကို ရေတိုအစီအစဉ်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ  Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  Ready to fill bulk အနေဖြင့်ဝယ်ယူပြီး ပုလင်းသွင်းဖြည့်တင်းထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်သွားရန်အတွက် ခွင့်ပြုထားပြီးဖြစ်။
  • ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ (၅) နှစ်နှင့်အထက် လူဦးရေ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်းသည် လုံးဝကျောင်းမနေဖူးသူများဖြစ်သည်ကိုတွေ့ရပြီး အခြေခံပညာအဆင့်ကို ပြီးမြောက်သည့် ရာခိုင်နှုန်းသည်လည်း ၂၂ ရာခိုင်နှုန်းကျော်သာရှိသည်ကို တွေ့ရသည့်အတွက် အတန်းပြီးမြောက်မှုနှုန်း မြင့်မားရေးနှင့် သက်မွေးပညာသင်တန်းများမှတစ်ဆင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးကို အလေးထားဆောင်ရွက်ပေးရမည်ဖြစ်
  • တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့် မိမိတို့ဒေသ၏ အားသာချက်များအပေါ် မူတည်ပြီး ဒေသစားနပ်ရိက္ခာဖူလုံရေးနှင့် ပိုလျှံမှုကို ပြည်တွင်းနှင့် ပြည်ပသို့ တိုးချဲ့ တင်ပို့နိုင်မည့်နည်းလမ်းများကို ဆောင်ရွက်ပေးရမည်ဖြစ်။
  • အလုပ်တစ်ခုပြီးမြောက်နိုင်ရန်အတွက် သာမန်သာဆောင်ရွက်နေမှုမျိုးမဟုတ်ဘဲ မိမိတို့လုပ်ဆောင်သင့်သည်များကို တွန်းအားမပါဘဲ အသိစိတ်ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ကြရန်တာဝန်ရှိ၊ စီမံကိန်းများအောင်မြင်စေရန်အတွက် ဆောင်ရွက်ရာတွင် သွင်းအားစုများမှန်မှန်ရရှိအောင် စီမံဆောင်ရွက်ပေးရန်နှင့် အကျိုးရှိရှိအသုံးချကြ ရန်လို၊ ငွေကြေးများသုံးစွဲရာတွင်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ သုံးစွဲကြရန်လိုပြီး မကုန်သင့်သည်များ ကုန်ကျမှုမရှိရန် ထိန်းသိမ်းဆောင်ရွက်ကြရန်လို။

Add new comment