(၁၉) ကြိမ်မြောက်အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေး (19th ASEAN Military Intelligence Meeting-AMIM-19)ကို မတ်လ ၁၅ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အစည်းအဝေးတွင်-
- ဟန်ချက်ညီလုံခြုံရေးအတွက် စည်းလုံးညီညွတ်မှု (Solidarity for Harmo- nised security) ဟူသည့် ခေါင်းစဉ်အပေါ်အမြင်များအား နိုင်ငံအလိုက် အလှည့်ကျဆွေးနွေးခဲ့ကြပြီး ဆက်လက်၍ အာဆီယံထောက်လှမ်းရေးအရာရှိ ငယ်များ အပြန်အလှန်ခရီးစဉ် ဖလှယ်ရေးဆိုင်ရာကိစ္စများ၊ အာဆီယံစစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအသိုက်အဝန်း တည်ထောင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပူးတွဲထုတ်ပြန်ကြေညာချက် (Joint Statement) နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြ။
- (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်း အဝေး (AMIM-19) ဥက္ကဋ္ဌက အပိတ်မိန့်ခွန်းပြောကြားပြီး (၂၀) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးအား အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် အင်ဒိုနီးရှားတပ်မတော် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်ထံသို့ ဥက္ကဋ္ဌတာဝန်များအား လွှဲပြောင်းပေးအပ်ခဲ့။
အဆိုပါ အစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
- (၁၉)ကြိမ်မြောက်အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (19th ASEAN Military Intelligence Meeting-AMIM-19)ကို မတ်လ ၁၅ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပပြုလုပ်ခဲ့။
- ဟန်ချက်ညီလုံခြုံရေးအတွက် စည်းလုံးညီညွတ်မှု (Solidarity for Harmonised security) ဟူသည့် ခေါင်းစဉ်အပေါ်အမြင်များအား နိုင်ငံအလိုက် အလှည့်ကျ ဆွေးနွေးခဲ့၊၊
- အာဆီယံထောက်လှမ်းရေးအရာရှိငယ်များ အပြန်အလှန်ခရီးစဉ် ဖလှယ်ရေးဆိုင်ရာ ကိစ္စများ၊ အာဆီယံစစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအသိုက်အဝန်း တည်ထောင်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပူးတွဲထုတ်ပြန်ကြေညာချက် (Joint Statement) နှင့် ပတ်သက်၍ ဆွေးနွေးခဲ့။
- (၂၀) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးအား အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားတပ်မတော်ကိုယ်စားလှယ်ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့။
Add new comment