နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင် များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဒီဇင်ဘာလ ၂၆ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမျိုးသားအားကစားပြိုင်ပွဲရုံအား အဆင့် မြှင့်တင်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားမည့် အခြေ အနေများအား power point များ၊ video clip များဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

· ယခုအားကစားရုံကြီးသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဆောက်လုပ်ခဲ့သည့် အဆင့်မြင့်အားကစားရုံတစ်ခုဖြစ်ပြီး ယနေ့အထိတိုင်လည်း အဆင့်မြင့်အားကစားရုံအဖြစ် ထိန်း သိမ်းဆောင်ရွက်လျက်ရှိကြောင်း။

· အဆင့်မြင့်အားကစားရုံကို တည်ဆောက်ပေးခဲ့ပြီး ယနေ့တိုင်ထိန်းသိမ်းပြုပြင်ရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသည့် တရုတ်နိုင်ငံကိုလည်း ကျေး ဇူးတင်ရှိကြောင်း။

· အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကိုလည်း ဖြစ်ပေါ်စေနိုင်သောကြောင့် အားကစားနှင့်ပတ်သက်ပါက အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။

· လက်ရှိတွင် မိမိတို့နိုင်ငံ၏ အားကစားကဏ္ဍအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုအားနည်းလျက်ရှိသည်ကို တွေ့ရှိရပြီး အဆင့် အတန်းတစ်ခုသို့ ရောက်ရှိနိုင်ရေး အခြေခံကျကျ စဉ်းစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

· မြန်မာတို့၏ ရိုးရာအားကစားနည်းများကို ကမ္ဘာကသိရှိ စေရေး ဆောင်ရွက်ရမည်ဖြစ်ပြီး ရိုးရာအားကစားနည်းများ ၏ အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံတကာအားကစားပွဲများတွင် ထည့်သွင်းယှဉ်ပြိုင်နိုင်ရေးတို့အတွက်လည်း ဆက် လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း။

· အားကစားသည် လူငယ်ကို အခြေခံသည်ဖြစ်သဖြင့် ကျောင်း များ၊ တက္ကသိုလ်များတွင် အားကစားပွဲများကျင်းပပြုလုပ် ပေးရန်နှင့် စာပေသင်ကြားမှုအချိန်ဇယားတွင် အားကစား နှင့် ကာယလှုပ်ရှားမှုကို အချိန်သတ်မှတ်ထည့်သွင်းဆောင် ရွက်ရန်နှင့် အမှန်တကယ်လုပ်ဆောင်နိုင်စေရေးအတွက်လည်း ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း။

· အားကစားကွင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်အဆင့်အထိ မိုးလုံလေလုံအားကစားကွင်း၊ ရေကူးကန်၊ မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်း၊ ပွဲကြည့်စင်တို့ မဖြစ်မနေရှိရမည်ဖြစ်ပြီး အားကစားလုပ်ဆောင်မှုများကို အားပေးဆောင်ရွက်ရ  မည်ဖြစ်ကြောင်း။

· နိုင်ငံ့လက်ရွေးစင် အားကစားသမားများ၏ ဘဝအာမခံချက် ရှိစေရေးအတွက်လည်း လုပ်ဆောင်ပေးရမည်ဖြစ်သည့် ထိုက်သင့်သည့် ချီးမြှင့်ငွေများ၊ ရပိုင်ခွင့်များကို ဖြည့်ဆည်း ပေးရမည်ဖြစ်ကြောင်း။

· အားကစားနှင့် သက်ဆိုင်သည့်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုကြောင်း။

· အားကစားမြှင့်တင်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းနှင့် လူငယ်များ၏စိတ်ဓာတ် (Mind Set)ကို ပြုပြင်ပေးခြင်းပင်ဖြစ်သဖြင့် နောင်လာမည့်ဆယ်စုနှစ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက် ပြီး မြန်မာ့အားကစားတစ်ခေတ်ဆန်းလာစေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ သုဝဏ္ဏဘောလုံးအားကစားကွင်းသို့ ရောက်ရှိရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က သုဝဏ္ဏဘောလုံးအားကစားကွင်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှု၊ လေ့ကျင့်ရေးကွင်းများ ထပ်မံတည်ဆောက်ထားရှိမှု၊ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများ လက်ခံကျင်းပခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က-

· ဘောလုံးအားကစားသည် ကမ္ဘာတွင်ထင်ရှားပြီး ပရိသတ် အများအပြား အားပေးသည့် အားကစားတစ်ခုဖြစ်သည့်အပြင် နိုင်ငံ၏အားကစားအဆင့်အတန်းကိုလည်း အလွယ် တကူတွေ့မြင်နိုင်သည်ဖြစ်သဖြင့် အချိန်ယူလေ့ကျင့်ရန် လိုအပ်မည်ဖြစ်ကာ ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ရန် လိုအပ်မည်ဖြစ်ကြောင်း။

· ထိုသို့လုပ်ဆောင်ရာတွင် အားကစားနှင့် လူငယ်ရေးရာဝန် ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး မျိုးဆက်သစ်ဘောလုံးအားကစားသမားများပေါ်ထွက်လာစေရေး ငယ်ရွယ်စဉ်ကတည်းကပင် ပြုစုပျိုးထောင်မြေတောင်မြှောက်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘောလုံးအားကစားကွင်းအတွင်းရှိ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးခန်းမကို ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

  • အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံး၏ကျန်းမာကြံ့ခိုင်ရေးကိုလည်း ဖြစ်ပေါ်စေနိုင်သောကြောင့် အားကစား နှင့်ပတ်သက်ပါက အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • မြန်မာတို့၏ရိုးရာအားကစားနည်းများကို ကမ္ဘာကသိရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ပြီး ရိုးရာအားကစားနည်းများအဆင့်အတန်းမြင့်မားရေး၊ နိုင်ငံတကာအားကစားပွဲများတွင် ထည့်သွင်းယှဉ်ပြိုင်နိုင်ရေးတို့အတွက်လည်း ဆက် လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း။
  • အားကစားကွင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်အဆင့်အထိ မိုးလုံလေလုံအားကစားကွင်း၊ ရေကူးကန်၊ မီတာ ၄၀၀ ပြေး လမ်းပါ ဘောလုံးကွင်း၊ ပွဲကြည့်စင်တို့ မဖြစ်မနေရှိရမည်ဖြစ်ပြီး အားကစားလုပ်ဆောင်မှုများကို အားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • အားကစားမြှင့်တင်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းနှင့် လူငယ်များ၏စိတ်ဓာတ (Mind Set)ကို ပြုပြင်ပေးခြင်းပင်ဖြစ်သဖြင့် နောင်လာမည့်ဆယ်စုနှစ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး မြန်မာ့အားကစားတစ်ခေတ်ဆန်းလာစေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း
  • ဘောလုံးအားကစားသည် ကမ္ဘာတွင်ထင်ရှားပြီး ပရိသတ်အများအပြား အားပေးသည့် အားကစားတစ်ခုဖြစ်သည့်အပြင် နိုင်ငံ၏အားကစားအဆင့်အတန်းကိုလည်း အလွယ်တကူတွေ့မြင်နိုင်သည်ဖြစ်သဖြင့် အချိန်ယူလေ့ကျင့်ရန် လိုအပ်မည်ဖြစ်ကာ ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ရန် လိုအပ်မည်ဖြစ်ကြောင်း။