(၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 19 th ASEAN Chiefs of Defence Forces Meeting (ACDFM-19) သို့ တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် မတ်လ ၁၄ ရက်နှောင်းပိုင်းတွင် ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့သွားရောက်၍ သံရုံးနှင့် စစ်သံရုံးမိသားစုများ၊ သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် သံရုံး၊ စစ်သံရုံးမိသားစုများ၊ သင်တန်းသားများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးအပ်လိုက်သည့် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပေးအပ်ခဲ့ရာ သံအမတ်ကြီး၊ စစ်သံမှူးနှင့် မိသားစုဝင်များ၊ သင်တန်းသားများက လက်ခံရယူခဲ့ကြောင်းသိရှိရပါသည်။
- ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးသို့သွားရောက်၍ သံရုံးနှင့်စစ်သံရုံးမိသားစုများ၊ သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးအပ် လိုက်သည့် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများကို ကိုယ်စား ပေးအပ်ခဲ့။
Add new comment