မတ်လ ၁၃ ရက်တွင် PDF အကြမ်းဖက်သမားများက မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဂွေးချိုးကျေးရွာနှင့် ပေါက်မြို့နယ်၊ သီးချောက်ကျေးရွာတို့ရှိ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်းနှင့် နေအိမ်များအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပါသည်-
- မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာနေ၊ အုပ်ချုပ်ရေးမှူး ဦးဝေလွင်၏ နေအိမ်သို့ PDF အကြမ်းဖက်သမား ၂၀ ဦးခန့် ရောက်ရှိလာပြီး သေနတ်များပစ်ဖောက်၍ နေအိမ်အတွင်းသို့ဝင်ရောက်ရှာဖွေခဲ့ရာ လူတစ်ဦးယောက်မှ မတွေ့ရှိသဖြင့် နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့ပြီး PDF အကြမ်းဖက် သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာရှိ လူနေအိမ် ၁၇ လုံး မီးလောင်ပျက်စီးခဲ့။
- မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သီးချောက်ကျေးရွာနေ၊ ဦးအောင်ခင်ထွန်းနှင့် ဖခင်ဖြစ်သူ ဦးမောင်အောင်တို့ ၂ ဦးသည် ရှခွကြီးကျေးရွာ၏ အနောက်ဘက် (၁) ဖာလုံခန့် အကွာရှိ ယာခင်းတွင် ပဲများရိတ်သိမ်းနေစဉ် PDF အကြမ်းဖက်သမား ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဦးမောင်အောင်အား သေနတ်ဖြင့် ၁ ချက်ပစ်ခတ်ခဲ့သဖြင့် ဦးမောင်အောင်မှာ ဖြစ်စဉ်နေရာတွင်သေဆုံးခဲ့ပြီး သားဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်ခဲ့၊၊
PDF အကြမ်းဖက်သမားများသည် ၎င်းတို့ကိုမထောက်ခံသည့် ကျေးရွာများတွင် ယခုကဲ့သို့ မကြာခဏတိုက်ခိုက်ဖျက်ဆီးလျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် ၎င်းတို့မှထွက်ပြေး၍ ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိပြီး အဆိုပါမီးလောင်/ မီးရှို့ဖျက်ဆီးမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့သည့် အသွင်ဖြင့် သတင်းအမှားများ၊ လုပ်ကြံသတင်းများကို ပြည်ဖျက်မီဒီယာများမှ ထုတ်လွှင့်လျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါ မီးရှို့၊ ပစ်ခတ်သူ PDF အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာနေ ဦးဝေလွင်၏ နေအိမ်သို့ PDF အကြမ်းဖက်သမား ၂၀ ဦးခန့်မှနေအိမ်အား မီးရှို့ဖျက်ဆီးခဲ့ရာ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာရှိ လူနေအိမ် ၁၇ လုံး မီးလောင်ပျက်စီးခဲ့။
- ပေါက်မြို့နယ်၊ သီးချောက်ကျေးရွာနေ၊ ဦးအောင်ခင်ထွန်းနှင့် ဦးမောင်အောင်တို့ ၂ ဦးသည် ရှခွကြီးကျေးရွာ၏ အနောက်ဘက်ယာခင်းတွင် ပဲများရိတ်သိမ်းနေစဉ် PDF အကြမ်းဖက်သမား ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးမောင်အောင်မှာ နေရာတွင်သေဆုံးခဲ့၊၊
Add new comment