မန္တလေးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီး မြောက်အောင်မြင်ပွဲကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ပန်းခင်းစီမံချက်တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို မတ်လ ၁၂ ရက်တွင် မဟာအောင်မြေမြို့နယ်ရှိ ရတနာပုံခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနား၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက-

  • မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၈၀၀၁၆) ကတ်ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ (၃၈၉၇၂၃) ကတ် ပြီးစီးပြီး (၁၀၂ ဒသမ ၅၅) ရာခိုင်နှုန်း ပြီးစီးကြောင်း၊၊

  • မန္တလေးတိုင်းဒေသကြီးသည် ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်သည့် စတုတ္ထမြောက် တိုင်းဒေသကြီးဖြစ်ကြောင်း၊၊

မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မြင်းခြံ၊ ညောင်ဦး၊ မိတ္ထီလာနှင့် ရမည်းသင်းစသည့် ခရိုင်(၇) ခု၊ မြို့နယ် (၂၈) မြို့နယ်၊ ရပ်ကွက် (၂၈၂) ခု၊ ကျေးရွာအုပ်စု (၁၄၁၄) အုပ်စု၊ ကျေးရွာပေါင်း (၄၇၉၂) ရွာရှိပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၈၀၀၁၆) ကတ်ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခု (၃၈၉၇၂၃) ကတ်၊ ရာခိုင်နှုန်းအားဖြင့် (၁၀၂ ဒဿမ ၅၅) ရာခိုင်နှုန်း ဆောင်ရွက်ထုတ်ပေးနိုင်ခဲ့သည့်အတွက် တိုင်းလုံးကျွတ်လျာထားချက် ရာခိုင်နှုန်းပြည့် မီကျော်လွန်ပြီးမြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။     

  • မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၈၀၀၁၆) ကတ်ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခု (၃၈၉၇၂၃) ကတ် ပြီးစီးပြီး (၁၀၂ ဒသမ ၅၅) ရာခိုင်နှုန်းပြီးစီး၊၊
  • မန္တလေးတိုင်းဒေသကြီးသည် ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်သည့် စတုတ္ထမြောက် တိုင်းဒေသကြီးဖြစ်၊၊

      

Add new comment