KKO (ခွဲထွက်) အဖွဲ့ နှင့် PDF အကြမ်းဖက်သမားများက ခရီးသည်တင် မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား မီးရှို့ဖျက်ဆီး

KKO (ခွဲထွက်) အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၂ ရက်တွင်  မြဝတီ-ကော့ကရိတ်သွား အာရှလမ်းသစ်အတိုင်း မောင်းနှင်လာသော ၁၀ ဘီးယာဉ် ၁ စီးအားလည်းကောင်း၊  မြဝတီမှရန်ကုန်သို့ ပြေးဆွဲနေသည့် ရွှေစင်စင်္ကြာခရီးသည်တင်မော်တော်ယာဉ် ၁ စီးနှင့် ၂၂ ဘီးယာဉ် ၁ စီးတို့အားလည်းကောင်း၊  လက်နက်ငယ်များဖြင့် ပစ်ခတ်ရပ်တန့်စေပြီး မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဖာပွန်-ကမမောင်း လမ်းကြောင်းတစ်လျှောက် လုံခြုံရေးဆောင်ရွက်ရန် မြဝတီမြို့နယ်မှထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း တတန့်ကူးကျေးရွာအနီးရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းသစ်၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံးအဆောက်အဦများနှင့် အများပြည်သူနေအိမ်များအပြင် အများပြည်သူသွားလာနေသည့် လမ်းမကြီးများနှင့် ခရီးသွားပြည်သူများအား ပစ်မှတ်ထားပစ်ခတ်တိုက်ခိုက်ခြင်းနှင့် လူမှုစီးပွားကို ထိခိုက်ပျက်စီးစေပြီး ကုန်စည်စီးဆင်းမှုကို အဟန့်အတားဖြစ်စေသည့် အကြမ်းဖက်လုပ်ရပ်များကို တစ်ဖက်သတ် အစွန်းရောက်ဝါဒစွဲအပေါ်အခြေခံကာ အသိဉာဏ်နည်းပါးစွာ မီးရှို့ဖျက်ဆီးခဲ့သည့် PDF အကြမ်းဖက်သမားများအား ဖော်ထုတ်အရေးယူနိုင်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • KKO (ခွဲထွက်) အဖွဲ့နှင့် PDF အအကြမ်းဖက်သမားများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီ-ကော့ကရိတ်သွား အာရှလမ်းသစ်အတိုင်း မောင်းနှင်လာသော ၁၀ ဘီးယာဉ် ၁ စီးအားလည်းကောင်း၊  မြဝတီမှရန်ကုန်သို့ ပြေးဆွဲနေသည့် ရွှေစင်စင်္ကြာခရီးသည်တင်မော်တော်ယာဉ် ၁ စီးနှင့် ၂၂ ဘီးယာဉ် ၁ စီးတို့အားလည်းကောင်း၊  လက်နက်ငယ်များ ဖြင့် ပစ်ခတ်ရပ်တန့်စေပြီး မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခဲ့။
  • ဖာပွန်-ကမမောင်းလမ်းကြောင်းတစ်လျှောက် လုံခြုံရေးဆောင်ရွက်ရန် မြဝတီမြို့နယ်မှ ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း KKO (ခွဲထွက်) အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက တတန့်ကူးကျေးရွာအနီးရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းသစ်၌ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့။

 

Add new comment