မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများနှင့်ပတ်သက်၍ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်း (Permanent Residence System-PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား မတ်လ ၁၁ ရက်တွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက-
- မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေအရ နိုင်ငံသားတစ်ဦးသည် တစ်ချိန်တည်းတွင် နှစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ပြုထားခြင်း မရှိသော်လည်း နိုင်ငံတော်၏ အကျိုး၊ အခြားနိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသားဟောင်းများ၏ အကျိုးအတွက် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ကို ၂၀၁၂ ခုနှစ်မှစတင်ကာ မိမိတို့နိုင်ငံနှင့် ကိုက်ညီမည့်စနစ်ဖြစ်စေရေး ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆောင်ရွက်ခဲ့ကြောင်း။
- ယင်းသို့ဆောင်ရွက်ရာတွင်လည်း နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုး စီးပွားမထိခိုက်စေရေး၊ ပြည်တွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပြိုကွဲပျက်စီးမှု မရှိစေရေးအတွက် အဘက်ဘက်မှ စဉ်းစားသုံးသပ်ကာ အဆင့်ဆင့်တင်ပြဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်း ပြုလုပ်ခဲ့ရာ-
- နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ မတ် ၁၀ ရက်အထိ လျှောက်ထားသူနှင့် မိသားစုအပါအဝင် စုစုပေါင်း ၇၁၇ ဦးရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အတည်ပြုခွင့်ပြုပေးပြီးသူ မိသားစုအပါအဝင် ၆၁၇ ဦးရှိပြီဖြစ်ကြောင်း။
- ယင်းလုပ်ငန်းစဉ်အား PR နည်းဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လျှောက်ထားသူများအနက် PR နည်းဥပဒေအရ ငြင်းပယ်ခဲ့သူ ၇ ဦး၊ လျှောက်ထားခြင်းအား ပြန်လည်ပယ်ဖျက်သူ ၁ ဦး၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေအရ လေကြောင်းလိုင်းများ ပိတ်ထားခြင်းကြောင့် ဗဟိုကော်မတီမှ လူတွေ့ စစ်ဆေးအကဲဖြတ်ရန် ကျန်ရှိသူမိသားစုများ အပါအဝင် ၈၁ ဦး၊ ထပ်မံလျှောက်ထားသော်လည်း လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီတို့မှ မစိစစ်ရသေးသူ မိသားစုအပါအဝင် ၁၁ ဦးရှိကြောင်း။
- ယခုအစည်းအဝေးတွင် ယခင်အစိုးရလက်ထက်က လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီတို့မှ အဆင့်ဆင့်စိစစ်ထားပြီး ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ဗဟိုကော်မတီမှ လူတွေ့စစ်ဆေးအကဲဖြတ်ရန်ကျန်ရှိသည့် မိသားစုအပါအဝင် စုစုပေါင်း ၈၁ ဦးအနက် ပြည်တွင်း၌ လက်ရှိရောက်ရှိနေသည့် မိသားစုဝင် အပါအဝင် စုစုပေါင်း ၃၀ ကို လူတွေ့စစ်ဆေးအကဲဖြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
- ပြည်ပတွင်ရောက်ရှိနေသဖြင့် ကျန်ရှိသည့် မိသားစုအပါအဝင် ၅၁ ဦးကိုလည်း လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ပြီး အဆင်ပြေမည့်အချိန်တွင် လူတွေ့ စစ်ဆေးခြင်းကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီးဌေးလှိုင်၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
- မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေအရ နိုင်ငံသားတစ်ဦးသည် တစ်ချိန်တည်းတွင် နှစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ပြုထားခြင်းမရှိသော်လည်း နိုင်ငံတော်၏ အကျိုး၊ အခြားနိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသားဟောင်းများ၏ အကျိုးအတွက် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ကို ၂၀၁၂ ခုနှစ်မှစတင်ကာ မိမိတို့ နိုင်ငံနှင့် ကိုက်ညီမည့်စနစ်ဖြစ်စေရေး ကျယ်ကျယ်ပြန့်ပြန့်လေ့လာဆောင်ရွက်ခဲ့။
- နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ မတ် ၁၀ ရက်အထိ လျှောက်ထားသူနှင့် မိသားစုအပါအဝင် စုစုပေါင်း ၇၁၇ ဦးရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အတည်ပြုခွင့် ပြုပေးပြီးသူ မိသားစုအပါအဝင် ၆၁၇ ဦးရှိပြီဖြစ်။
- အစည်းအဝေးတွင် ယခင်အစိုးရလက်ထက်က လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီတို့မှ အဆင့်ဆင့်စိစစ်ထားပြီး ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ဗဟိုကော်မတီမှ လူတွေ့စစ်ဆေးအကဲဖြတ်ရန်ကျန်ရှိသည့် မိသားစုအပါအဝင် စုစုပေါင်း ၈၁ ဦးအနက် ပြည်တွင်း၌ လက်ရှိရောက်ရှိနေသည့် မိသားစုဝင် အပါအဝင် စုစုပေါင်း ၃၀ ကို လူတွေ့စစ်ဆေးအကဲဖြတ် ဆောင်ရွက်သွားမည်ဖြစ်။
Add new comment