၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ဆန်တန်ချိန် ၁ ဒသမ ၂ သန်းကျော် တင်ပို့ရောင်းချထားပြီးဖြစ်

ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစိုးရ ပုဂ္ဂလိကလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မတ်လ ၁၁ ရက်တွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက-

  • ဆန်စပါးကို ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့မှုတိုးတက်ရေးအတွက် မူဝါဒများချမှတ်ပြီး ဆန်ဈေးအတက်အကျကွာဟချက်ကြီးမားမှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေး၊ ဆန်လုပ်ငန်းကုန်သွယ်မှု အကျိုးအမြတ်မှ တောင်သူများရရှိသင့်သည့် အကျိုးအမြတ်အချိုးမှန်ကန်စွာ ခံစားခွင့်ရရှိစေရေး ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
  • ဝင်ငွေနည်းပြည်သူများအတွက် ဆန်ဈေးနှုန်းကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့။

မြန်မာနိုင်ငံတွင် နွေစပါးနှင့် မိုးစပါးစိုက်ဧရိယာ စုစုပေါင်းဧက ၁၇ သန်းကျော်ရှိပြီး စပါးတန်ချိန် ၂၇ သန်းကျော်ထွက်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၂ သန်းကျော် တင်ပို့ရောင်းချထားပြီးဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့ကုန်သွယ်ရေးနှင့် ဈေးနှုန်းအခြေအနေများကြောင့် သွင်းအားစုနှင့် လယ်ယာထွက်ကုန်ပစ္စည်း ကုန်ဈေးနှုန်းများ ကြီးမြင့်လာမှုမှတစ်ဆင့် အဓိကရိက္ခာဆန် စပါး၊ ဆန်ထွက်ပစ္စည်းများကို အခြေခံထုတ်လုပ်သော သားငါးများအပါအဝင် စားသောက်ကုန်များ ထုတ်လုပ်ရောင်းချမှုအပေါ် ထိခိုက်မှုသက်သာလျော့ပါးစေရေးအတွက် ယခုအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကဏ္ဍမှတာဝန်ရှိသူများအကြား ညှိနှိုင်းဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။

  • ဆန်စပါးကို ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့မှုတိုးတက်ရေးအတွက် မူဝါဒများချမှတ်ပြီး ဆန်ဈေးအတက်အကျ ကွာဟချက်ကြီးမားမှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေး၊ တောင်သူများရရှိသင့်သည့် အကျိုးအမြတ် အချိုးမှန်ကန်စွာ ခံစားခွင့်ရရှိစေရေး ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်။
  • မြန်မာနိုင်ငံတွင် နွေစပါးနှင့် မိုးစပါးစိုက်ဧရိယာ စုစုပေါင်းဧက ၁၇ သန်းကျော်ရှိပြီး စပါး တန်ချိန် ၂၇ သန်းကျော် ထွက်ရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန် တန်ချိန် ၁ ဒသမ ၂ သန်းကျော် တင်ပို့ရောင်းချထားပြီးဖြစ်

Add new comment