မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် အခြေခံလူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အစီအစဉ်ဖြင့် ပြုလုပ်လျက်ရှိသော မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် ရှေ့ပြေးလုပ်ငန်း (PILOT PROJECT) ဖြစ်သည့် အခြေခံလူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းကို မတ်လ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ခရိုင်(၄)ခရိုင်မှ တာဝန်ရှိသူများ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်(၄၅)မြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ခံဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်ရှိ ရပ်ကွက် (၁၁) ခုတို့မှ အခြေခံလူဦးရေစာရင်းနှင့် မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများအား(၁၀-၃-၂၀၂၂) ရက်မှ (၁၂-၃-၂၀၂၂) ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • အခြေခံလူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင် ရွက်ခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့။
  • ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်ရှိ ရပ်ကွက် (၁၁) ခုတို့မှ အခြေခံလူဦးရေစာရင်းနှင့် မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများအား(၁၀-၃-၂၀၂၂) ရက်မှ (၁၂-၃-၂၀၂၂) ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်။

Add new comment