အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား ပြစ်ဒဏ်ချမှတ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ ပပလင်း၊ ရွှေပြည်သာ မြို့နယ်နေ ဖြိုးမင်းထွန်း(ခ)ကိုဖြိုးနှင့် ညီညီထူး(ခ)ကြွက်သိုက်တို့ ၃ ဦးသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ ရွှေပြည်သာမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးရုံးနှင့် လှော်ကားနယ်မြေရဲစခန်းတို့အား မိုင်းခွဲတိုက်ခိုက်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ လက်နက်ခဲယမ်းများ သိုဝှက်သိမ်းဆည်းခြင်းနှင့် သယ်ဆောင်ခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ဈ) အရ ၎င်းတို့ ၃ ဦး အား မတ်လ ၁၀ ရက်တွင် “ထောင်ဒဏ်တစ်သက်”ပြစ်ဒဏ်ကို အမိန့်ချမှတ်လိုက်ပါ သည်။

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံး ဖြင့်စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • ရွှေပြည်သာမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးရုံးနှင့် လှော်ကားနယ်မြေရဲစခန်းတို့ အားမိုင်းခွဲတိုက်ခိုက်ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ လက်နက်ခဲယမ်းများ သိုဝှက်သိမ်းဆည်းခြင်းနှင့် သယ်ဆောင်ခြင်းတို့ကြောင့် တရားခံ ၃ ဦးအား ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ကို အမိန့်ချမှတ်ခဲ့။

Add new comment