မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ပြီး ယဉ်ကျေးမှုအနုပညာများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှုးရုံးမှ ဗိုလ်မှူးချုပ်ရဲရင့်အောင် ဦးဆောင်သည့် အဖွဲ့ဝင် ၅၁ ဦးပါဝင်သည့် မြန်မာ့တပ်မတော်ယဉ်ကျေးမှုအနုပညာအဖွဲ့သည် မတ်လ ၈ ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပါသည်။
တတိယအကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှုဖလှယ်ပွဲကို မတ်လ ၁၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ကဇာတ်ရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဖျော်ဖြေပွဲသို့ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Chaler-mphon Srisawadi၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် Maj. Gen. Krittaphum Luckklai နှင့် တာဝန်ရှိသူများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ခွန်နေထွန်းဦး၊ မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ရဲရင့်အောင်နှင့် နှစ်နိုင်ငံ တပ်မတော်ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့မှ အရာရှိ၊ စစ်သည်များနှင့် ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့မှ အရာရှိ၊ စစ်သည်များ၏ နှစ်နိုင်ငံတေးသီချင်း၊ အက၊ အလှများဖြင့် ကပြဖျော်ဖြေခဲ့ပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့အား ဂုဏ်ပြုပန်းစည်းနှင့် ဂုဏ်ပြုဆု များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
မြန်မာ့တပ်မတော်ယဉ်ကျေးမှုအနုပညာအဖွဲ့သည် မတ်လ ၁၁ ရက်တွင် ဘန်ကောက်မြို့ရှိ Temple of the Emerald Buddha (မြဘုရား)နှင့် The Grand Palace (ထိုင်းဘုရင့်နန်းတော်)ကို သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ လေကြောင်းခရီးဖြင့် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။
မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့အနေဖြင့် ယဉ်ကျေးမှုဖလှယ်ပွဲများတွင် မိမိနိုင်ငံ၊ မိမိလူမျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းနှင့် အမျိုးသားယဉ်ကျေးမှုကို ဖော်ထုတ်ပြသနိုင်ခဲ့ပြီး နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ခိုင်မာလာစေရေး ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
- မြန်မာ-ထိုင်းတပ်မတော်နှစ်ရပ်အကြား တတိယအကြိမ်မြောက် ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်ခြင်းဆောင်ရွက်ရန် မြန်မာ့တပ်မတော်ယဉ်ကျေးမှုအနုပညာအဖွဲ့ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာခဲ့။
- တတိယအကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှုဖလှယ်ပွဲကို မတ်လ ၁၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ကဇာတ်ရုံ၌ ကျင်းပပြုလုပ်ခဲ့။
- အခမ်းအနားတွင် မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့မှ အရာရှိ၊ စစ်သည်များနှင့် ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့မှ အရာရှိ၊ စစ်သည်များ၏ နှစ်နိုင်ငံတေးသီချင်း၊ အက၊ အလှများဖြင့် ကပြဖျော်ဖြေခဲ့ပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့တပ်မတော်ယဉ်ကျေးမှု အဖွဲ့အား ဂုဏ်ပြုပန်းစည်းနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့။
- မတ်လ ၁၁ ရက်တွင် ဘန်ကောက်မြို့ရှိ မြဘုရားအား သွားရောက်ဖူးမြော်ပြီး ထိုင်းဘုရင့်နန်းတော်ကို သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီးနောက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ လေကြောင်းခရီးဖြင့် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့။
- မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့အနေဖြင့် ယဉ်ကျေးမှုဖလှယ်ပွဲများတွင် မိမိနိုင်ငံ၊ မိမိလူမျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းနှင့် အမျိုးသားယဉ်ကျေးမှုကို ဖော်ထုတ်ပြသနိုင်ခဲ့ပြီး နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ခိုင်မာလာစေရေးဆောင်ရွက်နိုင်ခဲ့။
Add new comment