ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကျင်းပ

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကို မတ်လ ၁၁ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ 

            အစည်းအဝေးတွင် အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က-

  • အမျိုးသားအဆင့်ကော်မတီအနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးလုပ်ငန်းစဉ်များကို လုပ်ငန်းကော်မတီ ၅ ရပ်အပြင် ပြည်နယ်အဆင့်ကော်မတီများ အသီးသီး ဖွဲ့စည်း၍လုပ်ငန်းများကို ထိရောက်မြန်ဆန်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့သောကြောင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လမှစက်တင်ဘာလအထိ ခြောက်လတာကာလအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ အချို့သောနေရပ်စွန့်ခွာသူ အိမ်ထောင်စုများကို မူလနေရပ်များသို့ ပြန် လည်ပြောင်းရွှေ့နေရာ ချထားပေးနိုင်ခဲ့ပြီး ကရင် ပြည်နယ်ရှိ ယာယီခိုလှုံရာစခန်း နှစ်ခုကိုလည်း အပြီးတိုင်ပိတ်သိမ်းနိုင်ခဲ့ကြောင်း။
  • ယာယီခိုလှုံလျက်ရှိသည့် အိမ်ထောင်စုများကို မူလနေရပ်များသို့ ပြန်လည်နေရာချထားပြီး စခန်းများအားပိတ်သိမ်းနိုင်ရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ 
  • ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုအခြေအနေအရ မူလနေရပ်သို့ ပြန်လည်နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ထိရောက်ကောင်းမွန်စွာ ထောက်ပံ့ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။
  • ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး IDP စခန်းရွှေ့ပြောင်းရေးနှင့် စပ်လျဉ်း၍လည်း နေအိမ်၊ ရေ/ မီးသွယ်တန်းခြင်း၊ ကျောက်ချောလမ်း၊ မြေလမ်းတာပေါင် အဆင့်မြှင့်တင်ခြင်း၊ မြေယာလျော်ကြေးပေးခြင်း၊ မြေနေရာအကွက်ချထားပေးခြင်းတို့ကို အဆင့်လိုက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လက်နက်ကိုင်ပဋိပက္ခများ လျော့နည်းပပျောက်ရေး၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေး အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေများသာမက နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့။ 

 အမျိုးသားအဆင့်ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှု၊ IDP Camp များတွင် အချက်အလက်ကောက်ယူခြင်း၊ လူမှုရေးဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ထိုးနှံသွားမည့် အစီအစဉ်များ၊ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ မူလနေရပ်သို့ ပြန်လည်နေထိုင်လိုသူများအတွက် လတ်တလောလိုအပ်သည်များကို ထောက်ပံ့ကူညီပေးနိုင်သည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

 အစည်းအဝေးသို့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်အဆင့် ကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ 

  • အမျိုးသားအဆင့်ကော်မတီအနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးလုပ်ငန်းစဉ်များကို လုပ်ငန်းကော်မတီ ၅ ရပ်အပြင် ပြည်နယ်အဆင့်ကော်မတီများ အသီးသီးဖွဲ့စည်း၍ ထိရောက်မြန်ဆန်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့သောကြောင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လမှစက်တင်ဘာလအထိ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ အချို့သောနေရပ်စွန့်ခွာသူ အိမ်ထောင်စုများကို မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့နေရာချထားပေးနိုင်ခဲ့ပြီး ကရင်ပြည်နယ်ရှိ ယာယီ ခိုလှုံရာစခန်းနှစ်ခုကိုလည်း အပြီးတိုင်ပိတ်သိမ်းနိုင်ခဲ့။
  • ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး IDP စခန်းရွှေ့ပြောင်းရေးနှင့် စပ်လျဉ်း၍လည်း နေအိမ်၊ ရေ/ မီးသွယ်တန်းခြင်း၊ ကျောက်ချောလမ်း၊ မြေလမ်းတာပေါင် အဆင့်မြှင့်တင်ခြင်း၊ မြေယာလျော်ကြေးပေးခြင်း၊ မြေနေရာအကွက်ချထားပေးခြင်းတို့ကို အဆင့်လိုက် စီမံဆောင်ရွက်ပေးလျက်ရှိ။
  • နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လက်နက်ကိုင်ပဋိပက္ခများ လျော့နည်းပပျောက်ရေး၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေး အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေများသာမက နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်။

Add new comment