မတ်လ ၁၀ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ နဂါးပွက်အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျောင်းသား၊ ကျောင်းသူများအား စာပေသင်ကြားပေးလျက်ရှိသည့် အလယ်တန်းပြ ဦးသန်းမင်းဟန်(၃၃)နှစ်၊ မူလတန်းကျောင်းအုပ် ဦးလှိုင်ဝင်း(၄၁)နှစ်၊ အလယ်တန်းပြ ဒေါ်နေခြည်ဦး(၄၀)နှစ်နှင့် အလယ်တန်းပြ ဒေါ် ခင်သဲဖြူ(၃၃)နှစ်တို့အား PDF အကြမ်းဖက်သမားများက “ဒလန်”ဟု စွပ်စွဲခြိမ်းခြောက်ကာ အကြမ်းဖက်ရိုက်နှက်ပြီး ၎င်းတို့ ၄ ဦးထံမှ လက်ကိုင်ဖုန်းများနှင့် ငွေများအား အတင်းအဓမ္မလုယက်ယူဆောင်၍ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။
အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်ရိုက်နှက်မှုကြောင့် ဦးသန်းမင်းဟန်တွင် နဖူး/ယာမျက်ခုံး ပေါက်ပြဲဒဏ်ရာ ၂ ချက်၊ နှုတ်ခမ်းဖူးရောင်ဒဏ်ရာ ၁ ချက်၊ ဦးလှိုင်ဝင်းတွင် ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ခါးနာကျင်ဒဏ်ရာ ၁ ချက်၊ ဒေါ်နေခြည်ဦး တွင် ခေါင်းမူး/ခါးနာကျင်ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ပေါက်မြို့ နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပါသည်။
PDF အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတကာစံနှုန်းအဖြစ် သတ်မှတ်ထားသည့် ပညာရေးကဏ္ဍကို ပျက်စီးစေရန်အတွက် မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
ဖြစ်စဉ်တွင် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ရိုက်နှက်၍ ငွေနှင့် လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမား ဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ရှာဖွေဖော်ထုတ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- ပေါက်မြို့နယ်ရှိ နဂါးပွက်အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စာသင်ကြားပေးလျက်ရှိနေသည့် ဆရာ ၂ ဦးနှင့် ဆရာမ ၂ ဦးအား PDF အကြမ်းဖက်သမားများက အကြမ်းဖက်ရိုက်နှက်ခြိမ်းခြောက်၍ ငွေများနှင့် လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်သွားခဲ့ရာ ဆရာ ၂ ဦးနှင့် ဆရာမ ၁ ဦးတို့တွင် ထိခိုက် ဒဏ်ရာရရှိခဲ့။
Add new comment