မတ်လ ၁၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် NLD ပါတီထောက်ခံသူ PDF အကြမ်းဖက်အဖွဲ့၏ ဥပဒေမဲ့ခြိမ်းခြောက် လူသတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာမှ ဒေသခံပြည်သူများကို လုံခြုံစိတ်ချရသည့်နေရာများသို့ ပြန်လည်ခေါ်ယူစုစည်း၍ လုံခြုံရေးနှင့် နေထိုင်စားသောက်နိုင်ရေး စီစဉ်ပေးပြီး ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒေသခံပြည်သူများကို ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
- စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် PDF အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ချောင်းဦး မြို့နယ်၊ ကံကြီးကုန်းကျေးရွာမှ ဒေသခံပြည်သူများကို သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့။
Add new comment