တတိယအကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှုဖလှယ်ပွဲကို မတ်လ ၁၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ကဇာတ်ရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဖျော်ဖြေပွဲသို့ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Chaler-mphon Srisawadi၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ Department of Border Affairs မှ Director ဖြစ်သူ Lt. Gen. Pongtep Gaewchaiyo၊ ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် Maj. Gen. Krittaphum Luckklai နှင့် တာဝန်ရှိသူများ၊ ထိုင်းဘုရင့်တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ခွန်နေထွန်းဦး၊ မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ရဲရင့်အောင်နှင့် နှစ်နိုင်ငံတပ်မတော်ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
အခမ်းအနားတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့မှ အရာရှိ၊ စစ်သည်များနှင့် ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့မှ အရာရှိ၊ စစ်သည်များ၏ နှစ်နိုင်ငံတေးသီချင်း၊ အက၊ အလှများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့ကို လည်းကောင်း၊ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးက ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့ ကိုလည်းကောင်း ဂုဏ်ပြုပန်းစည်းနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
ထို့နောက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ၊ နှစ်နိုင်ငံ ယဉ်ကျေးမှုအဖွဲ့ဝင်များသည် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။
တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှုဖလှယ်ပွဲများကို ပထမအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်၊ မေလ ၂၈ ရက်မှ ၃၁ ရက်အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၃ ရက်မှ ၁၅ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လည်းကောင်း အသီးသီးကျင်းပခဲ့ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်ယဉ် ကျေးမှုအဖွဲ့အနေဖြင့် ယဉ်ကျေးမှုဖလှယ်ပွဲများတွင် မိမိနိုင်ငံ၊ မိမိလူမျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းနှင့် အမျိုးသားယဉ်ကျေးမှုကို ဖော်ထုတ်ပြသနိုင်ခဲ့ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ခိုင်မာလာစေရေး ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
- တတိယအကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှု ဖလှယ်ပွဲကို မတ်လ ၁၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ကဇာတ်ရုံ၌ ကျင်းပပြုလုပ်ခဲ့။
- အခမ်းအနားတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့ တပ်မတော်ယဉ်ကျေးမှုအဖွဲ့မှ အရာရှိ၊ စစ်သည်များနှင့် ထိုင်းဘုရင့်တပ်မတော် ယဉ်ကျေးမှုအဖွဲ့မှ အရာရှိ၊ စစ်သည်များ၏ နှစ်နိုင်ငံ တေးသီချင်း၊ အက၊ အလှ များဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့။
- မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့အနေဖြင့်ယဉ်ကျေးမှုဖလှယ်ပွဲများတွင် မိမိနိုင်ငံ၊ မိမိလူမျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းနှင့် အမျိုးသားယဉ်ကျေးမှုကို ဖော်ထုတ်ပြသနိုင်ခဲ့ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ခိုင်မာလာစေရေး ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရှိရ။
Add new comment