နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက် မှုများ အားပြုလုပ်လျက်ရှိပါသည်။ ထို့ပြင် ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများ၊ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦ များကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများကို ရက်စက်စွာ ပြုလုပ်လျက်ရှိရာ-
- မတ်လ ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်ရှိ “အေးကမ္ဘာ သာသနာပြုစခန်း”မှ ဝါစိမ်းနီဆရာတော် ချွေးဇေယျသိဒ္ဓိ၊ သက်တော် (၆၂)နှစ်၊ ဝါတော်(၄၂)ဝါသည် ရွှေဘိုမြို့မှ သီတင်းသုံးရာ သာသနာပြုစခန်းသို့ ကျောင်းပိုင် မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် အကြမ်းဖက်သမားများက လမ်း၏ယာ ဘက်ခြမ်းမှ လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဆရာတော်နှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့မှုမရှိသော်လည်း မော်တော်ယာဉ်၏ ရှေ့လေ ကာမှန်နှင့် ဝဲယာအချက်ပြမီးများ ကွဲအက်ပျက်စီးခဲ့။
- မတ်လ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်ရှိ ဓမ္မရက္ခိတ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ သက်တော် (၆၃)နှစ်၊ ဝါတော် (၄၃) ဝါ သည် ကျောင်းဝင်းအတွင်း စင်္ကြန်လျှောက်နေစဉ် အကြမ်းဖက်သမား ၁၀ ဦးခန့်က အကြောင်းမဲ့ ပစ္စတိုဖြင့်ပစ်ခတ်သဖြင့် ဆရာတော်တွင် ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့။
- ထို့နောက် အကြမ်းဖက်သမားများသည် ဘုန်းတော်ကြီးကျောင်းဘေးရှိ အခြေခံပညာအလယ်တန်းကျောင်း(ရွှေကျင်)သို့ ဝင်ရောက်၍ ဆရာမများနားနေဆောင်အတွင်းရှိ တာဝန်ခံကျောင်းအုပ် ဒေါ်မြမြစိုးအား ကျောင်းဆောင်အနောက်ဘက် သို့ခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျည်ဖောက်ဝင်ဒဏ်ရာ ဖြင့် သေဆုံးခဲ့။
PDF အကြမ်းဖက်အဖွဲ့များသည် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရာတွင် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံခြင်းမရှိသည့် ဘုန်းကြီးကျောင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုဒ္ဓသာသနာပြန့်ပွားရေး သာသနာ့တာဝန်ထမ်းဆောင်နေသော ဘုရားသားတော်များနှင့် ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်း များအား အကြောင်းမဲ့ ရက်ရက်စက်စက်ဖမ်းဆီးသတ်ဖြတ်ခြင်းများသည် ယုတ်မာရက်စက်သည့်အကြမ်းဖက်မှုလုပ်ရပ်များဖြစ်ပါသည်။ ၎င်းတို့၏လုပ်ရပ်များသည် သာသနာတော်ညှိုးနွမ်းပျက်စီးစေခြင်းနှင့် အများပြည်သူ စိုးရိမ်ထိတ်လန့်မှုများဖြစ်စေခြင်းတို့ကြောင့် ပြည်သူ တစ်ရပ်လုံးက ၎င်းတို့အားစက်ဆုပ်ရွံရှာ၍ မုန်းတီးလျက်ရှိပါသည်။
ထိုကဲ့သို့ သံဃာတော်များနှင့် ဆရာ၊ ဆရာမများအား အကြောင်းမဲ့သတ်ဖြတ်ခြင်းများနှင့် လမ်းမကြီးပေါ်၌ ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်မှုများ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။
- ငါန်းဇွန်မြို့နယ်ရှိ “အေးကမ္ဘာ သာသနာပြုစခန်း”မှ ဝါစိမ်းနီဆရာတော် ချွေးဇေယျသိဒ္ဓိသည် သီတင်းသုံးရာ သာသနာပြုစခန်းသို့ ကျောင်းပိုင်မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် အကြမ်းဖက်သမားများက လမ်းမှ လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဆရာတော်နှင့် ယာဉ်မောင်းတို့ ထိခိုက် ဒဏ်ရာရရှိခဲ့မှု မရှိသော်လည်း မော်တော်ယာဉ်၏ ရှေ့လေကာမှန်နှင့် ဝဲယာအချက်ပြမီးများ ကွဲအက်ပျက်စီးခဲ့။
- စဉ့်ကူးမြို့နယ်ရှိ ဓမ္မရက္ခိတ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတသည် ကျောင်းဝင်းအတွင်း စင်္ကြန်လျှောက်နေစဉ် အကြမ်းဖက်သမား ၁၀ ဦးခန့်က အကြောင်းမဲ့ ပစ္စတို ဖြင့် ပစ်ခတ်သဖြင့် ဆရာတော်တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့။
- အကြမ်းဖက်သမားများသည် အခြေခံပညာအလယ်တန်းကျောင်း(ရွှေကျင်)သို့ ဝင်ရောက်၍ တာဝန်ခံကျောင်းအုပ် ဒေါ်မြမြစိုးအား ကျောင်းဆောင်အနောက်ဘက်သို့ ခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့။
Add new comment