PDF အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိ

မတ်လ ၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာနှင့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရွှေဘုံသာကျေးရွာတို့ရှိ အပြစ်မဲ့ ပြည်သူများ၏ နေအိမ်များအား PDF အကြမ်းဖက်သမားများက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ-

  • ကံကြီးကုန်းကျေးရွာအား PDF အကြမ်းဖက်သမားများက ဝိုင်းရံပိတ်ဆို့ဝင်ရောက်၍ ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား လက်နက်ငယ်၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးသဖြင့် ကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ရာ ထိတွေ့မှုဖြစ်ပွား ခဲ့ပြီး အကြမ်း ဖက်သမားများမှာ ရွှေလှေကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်လိုက်လံရှင်းလင်းခဲ့သဖြင့် လက်နက်ခဲယမ်းများနှင့်အတူ ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့။
  • အကြမ်းဖက်သမားများ၏ ကျေးရွာအတွင်း လက်နက်များဖြင့် ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာနေ အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇၅ လုံးနှင့် ပြည်သူများပိုင်ဆိုင်သည့် နွား ၁၇၅ ကောင်ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့။
  • အလားတူ ရွှေဘုံသာကျေးရွာအတွင်းသို့ PDF အကြမ်းဖက်သမား ၇ဝ ဦး ခန့်က သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာရှိ နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့။

PDF အကြမ်းဖက်သမားများသည် ၎င်းတို့ကိုမထောက်ခံသည့် ကျေးရွာများတွင် ယခုကဲ့သို့ မကြာခဏတိုက်ခိုက်ဖျက်ဆီးလျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် ၎င်းတို့မှထွက်ပြေး၍ ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိပါပြီး အဆိုပါမီးလောင်/ မီးရှို့ဖျက်ဆီးမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင် များမှ မီးရှို့ သည့်အသွင်ဖြင့် သတင်းအမှားများ၊ လုပ်ကြံသတင်းများကို ပြည်ဖျက်မီဒီယာများမှ ထုတ်လွှင့်လျက်ရှိကြောင်း သိရှိရပါသည်။

အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်သည့် ပစ်မှတ်များမဟုတ်သော ဘာသာရေး၊ ပညာရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်ပြီး အဆိုပါ ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရှိရပါသည်။

  • ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာPDF အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာနေ အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇၅ လုံး နှင့် ပြည်သူများပိုင်ဆိုင်သည့် နွား ၁၇၅ ကောင်ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့
  • ရွှေဘုံသာကျေးရွာအတွင်းသို့ PDF အကြမ်းဖက်သမား ၇ဝ ဦးခန့်က သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာရှိ နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့။
  • အဆိုပါမီးလောင်မှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့သည့်အသွင်ဖြင့် သတင်းအမှားများ၊ လုပ်ကြံသတင်းများကို ပြည်ဖျက်မီဒီယာများမှ ထုတ်လွှင့်လျက်ရှိ။

Add new comment