၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ငါးလတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံမက်ထရစ်တန်ချိန် ခုနှစ်သိန်းကျော်တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရရှိ

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်အထိ ငါးလတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် ခုနှစ်သိန်းကျော်တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာသန်း ၅၀၀ ကျော် ရရှိခဲ့ပါသည်။

အဆိုပါကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ-

  • ပင်လယ်ရေကြောင်းမှတစ်ဆင့် ၆၆၂,၁၆၉.၂၂၉ တန်တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၅၁၅.၆၈၆ သန်းရရှိခဲ့။
  • နယ်စပ်မှတစ်ဆင့် ၄၈,၄၄၆.၈၆၉ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၀.၃၃၅ သန်းရရှိခဲ့။
  • ပဲမျိုးစုံတင်ပို့မှုအနေဖြင့် စုစုပေါင်း  ၇၁၀,၆၁၆.၀၉၈ တန်တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၅၅၆.၀၂၁ သန်းရရှိခဲ့။

တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံးလယ်ယာထုတ်ကုန်ပစ္စည်းထွက်ရှိမှု ၃၃ ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံစိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာ ခိုင်နှုန်းခန့်ကို ပဲမျိုးစုံစိုက်ပျိုးနေပြီး ပဲမျိုးစုံစိုက်ဧက၏ ၇၂ ရာခိုင်နှုန်းသည် မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစင်းငုံတို့ဖြစ်ကာ ပဲလွမ်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများကိုလည်း စိုက်ပျိုးကြပါသည်။

ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှတစ်ဆင့် ၁,၂၄၂,၇၇၅.၂၃၁ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၉၆.၄၀၇ သန်း၊ နယ်စပ်မှတစ်ဆင့် ၇၈၆,၉၂၀.၆၅၁ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၀၄.၃ သန်း စုစုပေါင်း ၂,၀၂၉,၆၉၅.၈၈၂ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁,၅၇၀.၇၀၇ သန်း ရရှိခဲ့ကြောင်း သိရှိရပါသည်။

  • ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်အထိ ငါးလတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် ခုနှစ်သိန်းကျော်တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရရှိခဲ့။
  • ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံးလယ်ယာထုတ်ကုန်ပစ္စည်းထွက်ရှိမှု ၃၃ ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ဒုတိယအများဆုံးဖြစ်။
  • ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်စာရင်းများအရ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် စုစုပေါင်း ၂,၀၂၉,၆၉၅.၈၈၂ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁,၅၇၀.၇၀၇ သန်းရရှိခဲ့။

Add new comment