မတ်လ ၁၀ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးရာမူဝါဒကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂) ၌ နိုင်ငံခြားရေးရာမူဝါဒကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမှာစကားပြောကြားချက်မှာ-
- နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် လွတ်လပ်သည့်နိုင်ငံတစ်ခုဖြစ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်သောကြောင့် နိုင်ငံတကာဆက်ဆံရေးသည် အရေးကြီးကြောင်း။
- နိုင်ငံတော်၏ နိုင်ငံခြားရေးမူဝါဒများနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁ တွင်ပါရှိသည့် လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကိုရှေးရှုသည်၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်ဟူသည့် မူဝါဒအတိုင်း ရပ်တည်ဆောင်ရွက်လျက်ရှိကြောင်း။
- နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ယခင်က ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြားရေးမူဝါဒဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဘက်မလိုက်အုပ်စုတွင်လည်းပါဝင်ခဲ့ကြောင်း။
- ဒေသတွင်း နိုင်ငံတကာဆက်ဆံရေးအနေဖြင့် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံအဖြစ် စတင်ရောက်ရှိခဲ့ကြောင်း၊ အိမ်နီးနားချင်း ၅ နိုင်ငံနှင့်လည်း နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်မှုများရှိကြောင်း။
- အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံဆောင်ရွက်ရာတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁ တွင်ပြဋ္ဌာန်းထားသည့် နိုင်ငံတော်၏ နိုင်ငံခြားရေး အခြေခံမူများအတိုင်း အကောင်းဆုံးဖြစ်အောင် ဆက်ဆံဆောင်ရွက်လျက်ရှိ ကြောင်း။
- ကုလသမဂ္ဂတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ရုံးရှိသကဲ့သို့ နိုင်ငံတကာတွင်လည်း သံအမတ်ကြီးများခန့်အပ်၍ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း။
- နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များသည် မိမိတို့နိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် များစွာသက်ရောက်မှုရှိသဖြင့် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ကြရန်လိုကြောင်း။
- မိမိတို့နိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုနှင့်ပတ်သက်၍လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ပတ်သက်သည့် အိမ်နီးနားချင်းနိုင်ငံ ဆက်ဆံရေးမှစတင်ခဲ့ခြင်းဖြစ်ပြီး ကိုလိုနီခေတ်တွင် စတင်ခဲ့သည့်ပြဿနာတစ်ရပ်ဖြစ်ကာ အဆိုပါလူဝင်မှုပြဿနာများမှ ယခုအခါ တရားစွဲဆိုမှု ပြဿနာအထိ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း။
- တရားစွဲဆိုသည့် ဂမ်ဘီယာနိုင်ငံအနေဖြင့်လည်း မိမိတို့နိုင်ငံနှင့် တိုက်ရိုက်ထိတွေ့သည့် နိုင်ငံတစ်ခုမဟုတ်ဘဲ ကိုယ်စားလှယ်အနေဖြင့် ဝင်ရောက်ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရကြောင်း။
- အဆိုပါတရားစွဲဆိုမှုနှင့်ပတ်သက်၍ ဥပဒေပိုင်းဆိုင်ရာများတွင် ခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအားလုံး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ မမှန်ကန်သည့် စွပ်စွဲချက်များဖြင့် မိမိတို့နိုင်ငံ၏ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် တပ်မတော်ကိုထိခိုက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
- တပ်မတော်သည် နိုင်ငံတော်ကိုကာကွယ်ရန်၊ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန်ဖြစ်ကြောင်း။
- လွတ်လပ်ရေးရပြီးစတွင်လည်း အင်အားနည်းသည့်နိုင်ငံကို အင်အားကြီးမားသည့် နိုင်ငံများက မျိုးစုံခြိမ်းခြောက် ဖိအားပေးခဲ့သည်များရှိခဲ့သောကြောင့် မိမိတို့နိုင်ငံအင်အားရှိရန်အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
- ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် သွားရောက်ရင်ဆိုင်ချိန်တွင်လည်း အင်အားကိုရအောင်တည်ဆောက်၍ ဆောင်ရွက်ခဲ့ရကြောင်း။
- အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ပြန်လည်ရှင်းလင်းပြောဆိုမှုများသည် နိုင်ငံအတွက် အားများစွာဖြစ်စေသည်ကိုတွေ့ရှိရသည့်အတွက် တာဝန်ရှိသူများကိုလည်း ချီးကျူးဂုဏ်ပြုကြောင်း။
- နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ဆောင်မှုသည် နိုင်ငံတကာဆက်ဆံရေး၏ ပင်မ အလုပ်ဖြစ်သဖြင့် လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိတို့၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍသည် ပိုမိုခိုင်မာမှုရှိစေမည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့။
သက်ဆိုင်ရာတာဝန်ရှိသူများက နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည် ဆိုင်ရာတရားရုံး (ICJ) ၌ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲတွင် ဥပဒေကြောင်းအရ တင်ပြလျှောက်လဲခဲ့ခြင်းနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြကြပြီးနောက် ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးတင်ပြခဲ့ကြပါသည်။
တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံအတွက် International Law နှင့်ပတ်သက်၍ လူသားအရင်းအမြစ်များ မွေးထုတ်ပေးရန်လိုအပ်မှု၊ ဂမ်ဘီယာကိစ္စနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံးမှမည်ကဲ့သို့ ဆုံးဖြတ်သည်ဖြစ်စေ မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်အရေးယူဆောင်ရွက်ရန်လိုအပ်မှု၊ နိုင်ငံတကာကိစ္စရပ်များ တွင် မိမိတို့၏ နိုင်ငံခြားရေးမူဝါဒအတိုင်း ကျင့်သုံးဆောင်ရွက်သွားမည့် အခြေအနေများနှင့် အခြားလိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦး၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
- နိုင်ငံတော်၏ နိုင်ငံခြားရေးမူဝါဒများနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁ တွင်ပါရှိသည့် လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေးကိုရှေးရှုသည်၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်ဟူသည့် မူဝါဒအတိုင်းရပ်တည်ဆောင်ရွက်လျက်ရှိ။
- နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ယခင်က ကြားနေနိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီး လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြားရေးမူဝါဒဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဘက်မလိုက်အုပ်စုတွင်လည်းပါဝင်ခဲ့။
- အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံဆောင်ရွက်ရာတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁ တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံတော်၏ နိုင်ငံခြားရေး အခြေခံမူများအတိုင်း အကောင်းဆုံးဖြစ်အောင် ဆက်ဆံဆောင်ရွက်လျက်ရှိ။
- နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များသည် မိမိတို့နိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် များစွာသက်ရောက်မှုရှိသဖြင့် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ကြရန်။
- အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုနှင့်ပတ်သက်၍ ဥပဒေပိုင်းဆိုင်ရာများတွင် ခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအားလုံး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး မမှန်ကန်သည့် စွပ်စွဲချက်များဖြင့် မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာ ကျဆင်းစေရန်နှင့် တပ်မတော်ကို ထိခိုက်အောင်ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်။
- အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ပြန်လည်ရှင်းလင်းပြောဆိုမှုများသည် နိုင်ငံအတွက်အားများစွာဖြစ်စေသည်ကိုတွေ့ရှိရသည့်အတွက် တာဝန်ရှိသူများကိုလည်း ချီးကျူးဂုဏ်ပြု။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံအတွက် International Law နှင့်ပတ်သက်၍ လူသားအရင်းအမြစ်များ မွေးထုတ်ပေးရန်လိုအပ်မှု၊ ဂမ်ဘီယာကိစ္စနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံးမှမည်ကဲ့သို့ ဆုံးဖြတ်သည်ဖြစ်စေ မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင် အရေးယူဆောင်ရွက်ရန်လိုအပ်မှု၊ နိုင်ငံတကာကိစ္စရပ်များတွင် မိမိတို့၏ နိုင်ငံခြားရေးမူဝါဒအတိုင်း ကျင့်သုံးဆောင်ရွက်သွားမည့် အခြေအနေများနှင့် အခြားလိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့။
Add new comment