နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်စေရန်အတွက် ပြည်သူများအပေါ် အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခြင်း၊ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများကို အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်၍ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။
မတ်လ ၈ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ထန်းဆယ်ပင်ကျေးရွာရှိ မဟာဝိဇယရာမဘုန်းကြီးကျောင်းမှ ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဒါစာရသည် ကျေးရွာအတွင်း ဆွမ်းခံကြွရာမှ ကျောင်းသို့ပြန်လာစဉ် ဘုန်းကြီးကျောင်းအနီးအရောက်၌ အကြမ်းဖက်အမျိုးသား ၃ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့ရာ ဆရာတော်တွင် ဝဲရင်အုံအထက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲလက်သန်းကျည် ထိမှန်ဒဏ်ရာ ၁ ချက်ရရှိခဲ့သဖြင့် ရေစကြိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်အထိ PDF အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်ခဲ့မှုများကြောင့် ပျံလွန်တော်မူခဲ့သော ရဟန်းသံဃာ ၃၀ ပါး၊ သီလရှင် ၁ ပါး၊ ဒဏ်ရာရသံဃာ ၈ ပါးနှင့် ပျောက်ဆုံးသံဃာ ၃ ပါး စုစုပေါင်း ရဟန်းသံဃာ ၄၂ ပါး ရှိပြီဖြစ်ပါသည်၊၊
ဆရာတော်အား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော် စစ်ကြောင်းများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- မဟာဝိဇယရာမဘုန်းကြီးကျောင်းမှ ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဒါစာရသည် ကျေးရွာ အတွင်း ဆွမ်းခံကြွရာမှ ကျောင်းသို့ပြန်လာစဉ် အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဆရာတော်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့၊၊
- ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်အထိ PDF အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်ခဲ့မှုများကြောင့် ပျံလွန်တော်မူခဲ့သော ရဟန်းသံဃာ ၃၀ ပါး၊ သီလရှင် ၁ ပါး၊ ဒဏ်ရာရသံဃာ ၈ ပါးနှင့် ပျောက်ဆုံးသံဃာ ၃ ပါး စုစုပေါင်း ရဟန်းသံဃာ ၄၂ ပါး ရှိပြီဖြစ်၊၊
Add new comment