နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယအကြိမ်အစည်းအဝေးကို မတ်လ ၉ ရက်တွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာ-

  • အစိုးရက စီမံခန့်ခွဲသည့်မြေများအတွင်း အငြင်းပွားမှုဆိုင်ရာကိစ္စရပ်များ၊ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ခေတ်စနစ်နှင့်အညီ ပြုပြင်ပြဋ္ဌာန်းရန် လိုအပ်ချက်များ၊ ကဏ္ဍအလိုက် ပြဋ္ဌာန်းထားသည့် ဥပဒေများချိတ်ဆက်မှု၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်မှု အားနည်းခြင်းများ၊ ဥပဒေ အပေါ် လိုသလိုအလွဲသုံးဆောင်ရွက်မှုများ စသည့်အကန့်အသတ်နှင့် စိန်ခေါ်မှု များစွာ ရှိနေသည်ကို တွေ့ရကြောင်း။

  • ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် မြေအရင်းအမြစ် မူဝါဒဆိုင်ရာ အရေးကိစ္စများကို ကိုင်တွယ်​ဖြေရှင်းပေးနိုင်မည့် လက်တွေ့ကျသော အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းစဉ်များတွင် သက်ဆိုင်သူများအားလုံး ပေါင်းစပ်ညှိနှိုင်းရေးဆွဲ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

  • ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ(Sustainable Development Goals - SDGs) နှင့်အညီ ရေးဆွဲထားသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀ ခုနှစ်) ၏ မဟာဗျူဟာ ရည်မှန်းချက် ၅ ရပ်၊ အပိုဒ်ခွဲ ၅ တွင် သဘာဝအရင်းအမြစ် များ၏ အကျိုးအမြတ်များကို ပြည်သူအားလုံး ရရှိခံစားရစေရေးအတွက် မြေယာစီမံခန့်ခွဲမှုနှင့် သယံဇာတအခြေပြုလုပ်ငန်းများ၏ ရေရှည်တည်တံ့သော စီမံခန့်ခွဲမှုတို့ကို တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရန် ချမှတ်ထားပြီးဖြစ်ကြောင်း။

  • နှစ်တို/နှစ်ရှည် စိုက်ပျိုးမြေများ၊ စက်ရုံအစုအဖွဲ့များ၊ စက်မှုဇုန်များ၊ မြို့ရွာကွက်သစ်များ၊ လယ်ယာမြေနှင့် စိုက်ပျိုးမြေနေရာ အသစ်များ၊ သောက်သုံးရေ ဖူလုံရေးအတွက် ရေဝေရေလဲနှင့် ရေထိန်းတောများစသည်ဖြင့် မြေအသုံးချမှု အမျိုးမျိုးကို ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး အစီအစဉ်များနှင့် ဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံတော်၏ သယံဇာတအရင်းအမြစ်များကို အကျိုးအရှိဆုံးဖြစ်အောင် စနစ်တကျအသုံးချကြရမည်ဖြစ်ကြောင်း။

  • အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်၊ လမ်းညွှန်ချက်နှင့် အခြေခံမူများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် ကောင်းမွန်သော မြေယာအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုစနစ်ဖြစ်ပေါ်လာစေရန် အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန် (၁၀) ရပ်အပေါ် ထိရောက်စွာအကောင်အထည် ဖော်နိုင် ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

  • ပေါင်းစပ်ဆောင်ရွက်သည့်အခါတွင် အမျိုးသားမြေအသုံးချမှု မူဝါဒ၏ ပင်မလမ်းညွှန် မူဘောင်အပေါ်အခြေခံပြီး အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှု ဆိုင်ရာဥပဒေများ သဟဇာတဖြစ်စေရေး၊ အမျိုးသားမြေအသုံးချမှု စီမံကိန်းများ နှင့်မြေအသုံးချမှုဇုန်များ ရေးဆွဲသတ်မှတ်ရေးနှင့် မြေသတင်း အချက်အလက် စီမံခန့်ခွဲသည့် စနစ်တည်ထောင်ရေးစသည့် ဦးစားပေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာကော်မတီများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့  အမျိုးသားမြေအသုံးချမှုကောင်စီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး  အမျိုးသားမြေ အသုံးချမှုကောင်စီဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယအကြိမ်အစည်းအဝေးကို မတ်လ ရက် တွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန၌ ကျင်းပခဲ့။
  • အစိုးရကစီမံခန့်ခွဲသည့်မြေများအတွင်း အငြင်းပွားမှုဆိုင်ရာကိစ္စရပ်များ၊ တည်ဆဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ခေတ်စနစ်နှင့်အညီ ပြုပြင်ပြဋ္ဌာန်းရန် လိုအပ်ချက်များ၊ ကဏ္ဍအလိုက်ပြဋ္ဌာန်းထားသည့် ဥပဒေများချိတ်ဆက်မှု၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်မှု အားနည်းခြင်းများ၊ ဥပဒေ အပေါ် လိုသလိုအလွဲသုံးဆောင်ရွက်မှုများ စသည့်အကန့်အသတ်နှင့် စိန်ခေါ်မှုများစွာ ရှိနေသည်ကို တွေ့ရမည်ဖြစ်။
  • အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်၊ လမ်းညွှန်ချက်နှင့် အခြေခံမူများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် ကောင်းမွန်သော မြေယာအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုစနစ်ဖြစ်ပေါ်လာစေရန် အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန် (၁၀) ရပ်အပေါ် ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
  • ပေါင်းစပ်ဆောင်ရွက်သည့်အခါတွင် အမျိုးသားမြေအသုံးချမှုမူဝါဒ၏ ပင်မလမ်းညွှန် မူဘောင်အပေါ်အခြေခံပြီး အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှု ဆိုင်ရာဥပဒေများ သဟဇာတဖြစ်စေရေး၊ အမျိုးသားမြေအသုံးချမှု စီမံကိန်းများနှင့်မြေအသုံးချမှုဇုန်များ ရေးဆွဲသတ်မှတ်ရေးနှင့် မြေ သတင်းအချက်အလက် စီမံခန့်ခွဲသည့် စနစ်တည်ထောင်ရေးစသည့် ဦးစားပေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာကော်မတီများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးလျက်ရှိ။

 

Add new comment