နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၉ ရက်တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားရာတွင်-

  • နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သည် သင်တန်းသားများကို အဆင့်မြင့်ရာထူး တာဝန်များထမ်းဆောင်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် အသိပညာများ ရရှိစေရန် ရည်ရွယ်သင်ကြားပေးလျက်ရှိပြီး သင်တန်းသားများတွင် တပ်မတော်သားအရာရှိကြီးများသာမက ဝန်ကြီးဌာနမှ အရာရှိကြီးများလည်း ပါဝင်ကြောင်း။
  • ကာကွယ်ရေးတာဝန်တစ်ခုတည်းသာမက အုပ်ချုပ်ရေးပိုင်းတာဝန်များကိုလည်း ထမ်းဆောင်ရသည်ဖြစ်သည့်အတွက် အမြင် ၄ မြင်နှင့်ပတ်သက်၍ မှန်မှန်ကန်ကန်သိရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးလုပ်ဆောင်ရန်မဟုတ်ဘဲ နိုင်ငံ့အရေးတာဝန်များကို မှန်မှန်ကန်ကန် သိရှိထမ်းဆောင်နိုင်ရန် ဆွေးနွေး လေ့ကျင့်ပို့ချနေခြင်းပင်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် တည်တံ့ခိုင်မြဲသည့် ရေမြေပိုင်နက် နယ်နိမိတ်နှင့် ခိုင်မာသည့်သမိုင်းကြောင်းရှိသော နိုင်ငံဖြစ်ကြောင်း။
  • ပုဂံခေတ်မတိုင်မီ ဘီစီ ၉၂၅ မှ အေဒီ ၉၄ ထိထင်ရှားခဲ့သည့် ပျူမြို့ပြနိုင်ငံများကို ကြည့်မည်ဆိုပါက မိမိတို့နိုင်ငံ၏ယဉ်ကျေးမှုသမိုင်းကြောင်းမြင့်မားခဲ့မှုကို တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် မကြာသေးမီက ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့သွားရောက်ခဲ့ပြီး ပျူခေတ်သမိုင်းကြောင်း အထောက် အထားများကို လေ့လာခဲ့ရကြောင်း။
  • ပျူခေတ်ယဉ်ကျေးမှုများသည် သမိုင်းကြောင်းမြင့်မားသဖြင့် ပျူစာပေယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပြီး မိမိနိုင်ငံ၏ သမိုင်းကြောင်း ယဉ်ကျေးမှုကို သိရှိထိန်းသိမ်းမှသာလျှင် သမိုင်းကြောင်းအစဉ်အလာမြင့်မားခဲ့မှုကို လက်ဆင့်ကမ်းနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်တက္ကသိုလ်၌ ယခင်ကပင် ပျူစာပေလေ့လာသင်ကြားမှုကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ကြောင်း။
  • ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးချိန်မှ အစိုးရအဆက်ဆက်ကို ပိုင်းခြားကြည့်မည်ဆိုပါက ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်ထိ ဖဆပလအစိုးရကာလ၊ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ခုနှစ်ထိ အိမ်စောင့်အစိုးရကာလ၊ ၁၉၆၀ ခုနှစ်မှ ၁၉၆၂ ခုနှစ်ထိ သန့်ရှင်းဖဆပလ အစိုးရကာလ၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ တော်လှန်ရေး ကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကာလ၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ တပ်မတော်အစိုးရ ကာလ၊ ၂၀၁၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်ထိ ဒီမိုကရေစီအစိုးရကာလဖြစ်ပြီး ၂၀၂၁ ခုနှစ်မှ ယနေ့အချိန်အထိကာလကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူဆောင်ရွက်ရလျက်ရှိကြောင်း။
  • လွတ်လပ်ရေးကြိုးပမ်းမှု ကာလအတွင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ရေးဆွဲခဲ့ပြီး ယင်းဥပဒေကို ၁၉၄၇ ခုနှစ်၌ တိုင်းပြုပြည်ပြုလွှတ်တော်တွင် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ သတိပြုရမည်မှာ ပြည်သူလူထုတစ်ရပ်လုံး မဲပေးအတည်ပြုခဲ့သည့် ဥပဒေမဟုတ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ၁၉၇၄ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတို့မှာ ပြည်သူလူထုတစ်ရပ်လုံးထံမှ ဆန္ဒမဲကောက်ခံ အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေများဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
  • လွတ်လပ်ရေးမရမီကာလနှင့် လွတ်လပ်ရေးရပြီးကာလတွင် ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့၏ အားပြိုင်ခဲ့မှုအခြေအနေများ၊ ကိုလိုနီအစိုးရ၏ သွေးခွဲအုပ်ချုပ်မှုကြောင့်ဖြစ်ပေါ်လာသည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ၊ တပ်မတော်အစိုးရလက်ထက်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေး အကောင်အထည်ဖော်ဆောင်ပေးခဲ့သည့်အခြေအနေများ၊ ဒီမိုကရေစီအစိုးရ ပထမသက်တမ်းနှင့် ဒုတိယအစိုးရသက်တမ်းကာလတို့တွင် ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ သမိုင်းကြောင်း အခြေအနေ များ။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် ပထမဆုံးလုပ်ငန်းစဉ်ဖြစ်သည့် မဲစာရင်းစစ်ဆေးခြင်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ခဲ့ရာ ရွေးကောက်ပွဲကော်မရှင်မှ စစ်ဆေးတွေ့ရှိသည့် မဲစာရင်းမသမာမှုများသည် တပ်မတော်မှ စစ်ဆေးတွေ့ရှိသည့် ရလဒ်များထက်ပင် ပိုမို များပြားနေသည်ကို တွေ့ ရှိရမည်ဖြစ်ကြောင်း။
  • ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ်၏ အသက်ပင်ဖြစ်ကာ ရွေးကောက်ခံကိုယ်စားလှယ်များသည် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတာဝန်များကို ထမ်းဆောင်ရမည့်သူများကို တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်ရွေးချယ်ပေးရမည့်သူများဖြစ်သည့်အတွက် ရိုးသားစွာဖြင့် အနိုင်ရရှိသည့် ရွေးကောက်ခံ ကိုယ်စားလှယ်များဖြစ်ပြီး ပြည်သူလူထုကို စစ်မှန်စွာကိုယ်စားပြုရန် လိုအပ်မည်ဖြစ်ကြောင်း။
  • ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲစာရင်းသည် သန်းခေါင်စာရင်းကို အခြေခံပြီး ကောက်ခံရခြင်းဖြစ်ပြီး ခေတ်အဆက်ဆက်တွင်လည်း ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်တွင်လည်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံခဲ့ပြီး ကမ္ဘာ့ကုလ သမဂ္ဂကထုတ်ပြန်သည့် ကမ္ဘာတွင် ခိုင်မာမှုအရှိဆုံးသော သန်းခေါင် စာရင်း ၁၀ နိုင်ငံထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ကြောင်း။
  • ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူစာရင်းသည် သန်းခေါင်စာရင်းကို အခြေခံ၍ပြုလုပ်ထားခြင်းဖြစ်ပြီး ၃၄ ဒသမ ၂၉ သန်းကျော်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူစာရင်းသည် ၃၈ ဒသမ ၂၇ သန်းကျော်အထိရှိကြောင်း။
  • မြန်မာနိုင်ငံ၏ လူဦးရေတိုးတက်မှုနှုန်းသည် ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် ၁ ရာခိုင် နှုန်းအောက်တွင်သာရှိသည်ကို လူဦးရေစာရင်းပညာရှင်များနှင့် ကျွမ်းကျင်သူများ၏ စနစ်တကျတွက်ချက်မှုအရ တွေ့ရှိရကြောင်း။
  • ၂၀၁၄ ခုနှစ်တွင် ကောက်ခံခဲ့သည့် မဲပေးခွင့်ရှိသူ ၃၄ ဒသမ ၂၉ သန်းကို ၁ ရာခိုင်နှုန်းနှင့် တွက်မည်ဆိုပါက တစ်နှစ်လျှင် ၃ ဒသမ ၄ သိန်းရှိမည်ဖြစ်ပြီး ၅ နှစ်ဆိုပါက ၁ ဒသမ ၇ သန်းရှိမည်ဖြစ်ကာ အလွန်ဆုံး ၂ သန်းသာ လူဦးရေးတိုးပွားမှုရှိရမည် ဖြစ်သော်လည်း ၂၀၂၀ ပြည့်နှစ် ကောက်ခံရရှိမှု မဲပေးခွင့်ရှိသူမှာ ၃၈ ဒသမ ၂၇ သန်း အထိရှိနေသည်ကို မဖြစ်နိုင်ဖွယ်ရာတွေ့ရှိရမည်ဖြစ်ကြောင်း။
  • ခိုင်မာသောသန်းခေါင်စာရင်းကို အခြေခံ၍ မဲစာရင်းပြုစုခြင်းမဟုတ်သောကြောင့် ဖောင်းပွမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မဲစာရင်းများ ကြေညာရာတွင်လည်း စာရင်းကွဲလွဲမှုများဖြင့် အမျိုးမျိုးကြေညာခဲ့သည်ကို တွေ့ရှိ ရမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိစေရေး မသမာ သောနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း။
  • တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဖြစ်ပေါ် ခဲ့သည့် မဲမသမာမူအခြေအနေများအရ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးအတွက် နိုင်ငံတော်၏ တာဝန်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းပင်ဖြစ်ကြောင်း။
  • စီးပွားရေးသည် နိုင်ငံတစ်နိုင်ငံ၏ အဓိကမောင်းနှင်အားပင်ဖြစ်သည့်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်ပေးရန် မဖြစ်မနေလိုအပ်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီအစိုးရပထမသက်တမ်းကာလတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများရှိခဲ့သော်လည်း ကုန်သွယ်မှုလိုငွေများရှိခဲ့ကြောင်း။
  • ဒုတိယအစိုးရသက်တမ်းကာလတွင် GDP တိုးတက်မှုများကျဆင်းလာခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆၁ ဘီလီယံကျော်ထိရှိခဲ့ကြောင်း၊ ပထမသက်တမ်းနှင့် ဒုတိယအစိုးရသက်တမ်းကာလ စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၅ ဘီလီယံခန့်ရှိကြောင်း။
  • စီးပွားရေးအမြင်သည် နိုင်ငံရေးအမြင်နှင့်လည်း ဆက်စပ်လျက်ရှိပြီး စီးပွားရေးအားကို ကောင်းအောင်ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အေးချမ်းသာယာသည့် နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှသာလျှင် လူနေမှုဘဝမြင့်မားလာမည်ဖြစ်သဖြင့် နိုင်ငံအတွက် စီးပွားရေး အမြင်များ တိုးတက်လာစေရန်နှင့် စီးပွားရေးစီမံခန့်ခွဲမှုများ မြင့်မားလာစေရန် လေ့လာအားထုတ်ရမည်ဖြစ်ကြောင်း။
  • ပြည်နယ်များတွင် ပညာရေးအားပေးမှုနည်းပါးသဖြင့် ပညာရေးအားပေးဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ပြည်သူက ရွေးချယ်ထားသည့် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာတွင် အသိပညာ၊ အတတ်ပညာဖြင့်ပြည့်စုံသည့် လူစွမ်းအားအရင်း အမြစ်များ လိုအပ်မည်ဖြစ်ကြောင်း။
  • တိုင်းရင်းသားများနှင့် ပေါင်းစည်းနေထိုင်သည့် ပြည်ထောင်စုဖြစ်သည့်အတွက် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို မျှဝေခံစားသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးသည့် ပြည်ထောင်စုနိုင်ငံကို သွားရမည်ဖြစ်ကြောင်း၊ တူညီသည့် အခွင့်အရေးများ ရရှိကြရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးအတွက် ဒီမိုကရေစီအုပ်ချုပ်ရေးဖြင့် ထိန်းသိမ်းဆောင်ရွက်ဖြစ်ကြောင်း၊ ကာကွယ်ရေး၌လည်း နိုင်ငံသားအားလုံးပါဝင်သည့် အမျိုးသားကာကွယ်ရေးစနစ်ကို ပုံဖော်ရမည်ဖြစ်ကြောင်း။
  • နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် နေထိုင်သည့် ကျေးလက်ကိုအခြေခံသည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူကရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ခိုင်မာစွာလျှောက်လှမ်းမည်ဖြစ်ကြောင်း။

သင်တန်းသားအရာရှိကြီးများအနေဖြင့် သင်တန်းဆင်းပြီးသည့်အချိန်တွင် ထမ်းဆောင်ရမည့်တာဝန်များကို အထောက်အကူဖြစ်စေရန်အတွက် ယခုကဲ့သို့ သမိုင်းကြောင်းများ၊ နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်ချက်များကို အချိန်ယူရှင်းလင်းပြောကြားရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၏ ရည်မှန်းချက်ဖြစ်သည့် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်နှင့် ကာကွယ်ရေးအမြင်များကို အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားတွေးခေါ်လုပ်ဆောင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

  • မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် တည်တံ့ခိုင်မြဲသည့် ရေမြေပိုင်နက် နယ်နိမိတ်နှင့် ခိုင်မာသည့်သမိုင်းကြောင်းရှိသော နိုင်ငံဖြစ်။
  • ပုဂံခေတ်မတိုင်မီ ဘီစီ ၉၂၅ မှ အေဒီ ၉၄ ထိထင်ရှားခဲ့သည့် ပျူမြို့ပြနိုင်ငံများကို ကြည့်မည်ဆိုပါက မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုသမိုင်းကြောင်းမြင့်မားခဲ့မှုကို တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် မကြာသေးမီက ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့သွားရောက်ခဲ့ပြီး ပျူခေတ် သမိုင်းကြောင်း အထောက်အထားများကို လေ့လာခဲ့ရ။
  • ပျူခေတ်ယဉ်ကျေးမှုများသည် သမိုင်းကြောင်းမြင့်မားသဖြင့် ပျူစာပေယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပြီး မိမိနိုင်ငံ၏ သမိုင်းကြောင်း ယဉ်ကျေးမှုကို သိရှိထိန်းသိမ်းမှသာလျှင် သမိုင်းကြောင်းအစဉ်အလာမြင့်မားခဲ့မှုကို လက်ဆင့်ကမ်းနိုင်မည်ဖြစ်၊ စစ်တက္ကသိုလ်၌ ယခင်ကပင် ပျူစာပေလေ့လာသင် ကြားမှုကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးခဲ့။
  • ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ်၏ အသက်ပင်ဖြစ်ကာ ရွေးကောက်ခံကိုယ်စားလှယ်များသည် ရိုးသားစွာဖြင့် အနိုင်ရရှိသည့် ရွေးကောက်ခံကိုယ်စားလှယ်များ ဖြစ်ပြီး ပြည်သူလူထုကို စစ်မှန်စွာ ကိုယ်စားပြုရန် လိုအပ်မည်ဖြစ်။
  • တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဖြစ်ပေါ် ခဲ့သည့် မဲမသမာမူအခြေအနေများအရ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးအတွက် နိုင်ငံတော်၏ တာဝန်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းပင်ဖြစ်။
  • စီးပွားရေးအမြင်သည် နိုင်ငံရေးအမြင်နှင့်လည်း ဆက်စပ်လျက်ရှိပြီး စီးပွားရေးအားကို ကောင်းအောင်ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အေးချမ်းသာယာသည့် နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်။
  • တိုင်းရင်းသားများနှင့် ပေါင်းစည်းနေထိုင်သည့် ပြည်ထောင်စုဖြစ်သည့်အတွက် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို မျှဝေခံစားသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးသည့် ပြည်ထောင်စုနိုင်ငံကို သွားရမည်ဖြစ်။
  • နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် နေထိုင်သည့် ကျေးလက်ကိုအခြေခံသည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူကရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို ခိုင်မာစွာလျှောက်လှမ်း မည်ဖြစ်။

Add new comment