မတ်လ ၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကံကြီးကုန်းကျေးရွာ အနီးသို့ရောက်ရှိစဉ် အကြမ်းဖက်အင်အား ၅၀ ခန့်က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက် သမားများသည် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ပစ်ခတ်ခဲ့သည့် လက်လုပ်စိန်ပြောင်း ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာ၏နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။
PDF အကြမ်းဖက်သမားများသည် ၎င်းတို့ကိုမထောက်ခံသည့် ကျေးရွာများတွင် ယခုကဲ့သို့ မကြာခဏတိုက်ခိုက်ဖျက်ဆီးလျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် ၎င်းတို့မှထွက်ပြေး၍ ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိပါပြီး အဆိုပါ မီးလောင်/ မီးရှို့ဖျက်ဆီးမှုများအား လုံခြုံရေးတပ်ဖွဲ့ ဝင်များမှ မီးရှို့သည့် အသွင်ဖြင့် သတင်းအမှားများ၊ လုပ်ကြံသတင်းများကို ပြည်ဖျက်မီဒီယာများမှ ထုတ်လွှင့်လျက်ရှိကြောင်း သိရှိရပါသည်။
အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်သည့် ပစ်မှတ်များမဟုတ်သော ဘာသာရေး၊ ပညာရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ် မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
- ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာအနီး PDF အကြမ်းဖက်သမားများ၏ လက်လုပ်စိန်ပြောင်း ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာ၏နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့။
- အဆိုပါမီးလောင်မှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့သည့်အသွင်ဖြင့် သတင်းအမှားများ၊ လုပ်ကြံသတင်းများကို ပြည်ဖျက်မီဒီယာများမှ ထုတ်လွှင့်လျက်ရှိ။
Add new comment