ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့သည် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ထိုင်းသံအမတ်ကြီး မစ္စစ်ဆူဖတ်ထရာ ဆရီမိုင်းသရီဖိတပ်အား မတ်လ ၈ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ အသီးသီး လက်ခံတွေ့ဆုံခဲ့ကြရာ-
- နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေး၊ ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရေးနှင့် ကုလသမဂ္ဂ၊ အာဆီယံ အပါအဝင် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်း ဆောင်ရွက်သွား ရေးစသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့။
- မြန်မာ-ထိုင်းနိုင်ငံအကြားအစဉ်အလာအရ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအကျိုးတူကိစ္စရပ်များကိုအားဆွေးနွေးခဲ့ကြပါသည်။
လတ်တလောဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍လည်း အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာနမှတစ်ဆင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များအတွက် အဆက်မပြတ်ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ခြင်းအပေါ် ထိုင်းနိုင်ငံ အစိုးရအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြပါသည်။
- မြန်မာနှင့်ထိုင်းနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေး၊ ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရေးနှင့် ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်း ဆောင်ရွက်သွားရေးစသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့။
Add new comment