ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-
- ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မတ်လ ၈ ရက်အထိ လူဦးရေစုစုပေါင်း ၂၄ ဒသမ ၂ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၂၁ ဒသမ ၃၀ သန်းနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၂ ဒသမ ၉ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၄၆ ဒသမ ၃၉ သန်းထိုးနှံပြီးဖြစ်။
- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၈ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster စုစုပေါင်းထိုးနှံပြီးစီးသူ ၈၆၅,၀၇၈ ဦးရှိ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ-
- ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ နယ်စပ်ဂိတ်တို့မှတစ်ဆင့် ပြန်လည်လက်ခံခဲ့ရာ ၂၅-၇-၂၀၂၁ ရက်မှ ၈-၃-၂၀၂၂ ရက်အထိ ၆၉,၁၆၀ ဦးပြန်လည်ဝင်ရောက်လာခဲ့။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ မတ်လ ၈ ရက်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၂၀,၁၄၃ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၄၀၁ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၆.၉၆ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၈-၃-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၇,၂၉၄,၄၉၄ ခုအားစစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၆၀၁,၀၂၀ ဦးနှင့် သေဆုံး သူစုစုပေါင်း ၁၉,၃၉၄ ဦးရှိကြောင်း သိရှိရပါသည်။
- ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မတ်လ ၈ ရက်အထိ လူဦးရေစုစုပေါင်း ၂၄ ဒသမ ၂ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၂၁ ဒသမ ၃၀ သန်းနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၂ ဒသမ ၉ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၄၆ ဒသမ ၃၉ သန်းထိုးနှံပြီးဖြစ်။
- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၈ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster စုစုပေါင်းထိုးနှံပြီးစီးသူ ၈၆၅,၀၇၈ ဦးရှိ။
- ၈-၃-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၇,၂၉၄,၄၉၄ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၆၀၁,၀၂၀ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၃၉၄ ဦးဖြစ်ပြီး ၈-၃-၂၀၂၂ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၆.၉၆ ရာခိုင်နှုန်းရှိ။
Add new comment