နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် အဖွင့်မိန့်ခွန်းကောက်နုတ်ချက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် အဖွင့်မိန့်ခွန်း ကောက်နုတ်ချက်မှာ-

  • ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဆောင်ပုဒ်ဖြစ်သည့် စဉ်ဆက် မပြတ်တိုးတက်ဖို့၊ ကျား၊ မ တန်းတူညီမျှစို့ (Gender equality today for a sustainable tomorrow) အရ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုခိုင်မာသည့် အနာဂတ်တည်ဆောက်ရေးတွင် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ် စေရေး၊ လျော့ပါးသက်သာစေရေးနှင့် ရင်ဆိုင်တုံ့ပြန်ရေးလုပ်ငန်းများတွင် ဦးဆောင်ပါဝင်ဆောင်ရွက်နေသည့် အမျိုးသမီးများ၏ အထောက်အကူပြု စွမ်းဆောင်နိုင်မှုများကို အသိအမှတ်ပြုကြရမှာဖြစ်ကြောင်း။
  • ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရေးနှင့် တုံ့ပြန်ရေးကြိုးပမ်းမှုများတွင် အမျိုးသမီးများအနေဖြင့် အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး ထိရောက်စွာ ပါဝင်ဆောင်ရွက်ရေးသည် အရေးပါသည့်အခန်းကဏ္ဍ၌ ပါဝင်နေကြောင်းကို သတိရှိကြရန် လိုအပ်ကြောင်း။
  • မဟာဗျူဟာစီမံကိန်းတွင် သဘာဝအရင်းအမြစ်များအား စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှု၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်အောင် တုံ့ပြန်ဆောင်ရွက်ခြင်းတို့သည် အမျိုးသမီးများ အဓိပ္ပါယ်ပြည့်ဝစွာပါဝင်နိုင်သည့် စနစ်များ၊ ဖွဲ့စည်းပုံများနှင့် လုပ်ထုံးလုပ်နည်းများ ပိုမိုအား ကောင်းလာစေရေးကို အဓိက ဦးတည်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးများနှင့် သဘာဝပတ်ဝန်း ကျင်ကို အဓိကလုပ်ငန်းနယ်ပယ်(၁)ခု အဖြစ်ထည့်သွင်းပြီး ဆောင်ရွက်လျက်ရှိတာကိုလည်း တွေ့ရှိရမှာဖြစ်ကြောင်း။
  • မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့သည့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းမှာ နိုင်ငံတစ်နိုင်ငံ၏ ပြီးပြည့်စုံသော ဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာကြီးတစ်ခုလုံး သာယာဝပြောရေးနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ပေးသည့် အကြောင်း တရားတို့ကို ရရှိရန်အတွက် နယ်ပယ်အားလုံး၌ အမျိုးသားများနှင့်တန်းတူ အမျိုးသမီးများ၏ ပါဝင်မှုကို တိုးမြှင့်နိုင်သလောက် တိုးမြှင့်ပေးရန် လိုအပ်ကြောင်းကို ပြဋ္ဌာန်းထားကြောင်း။
  • အဆိုပါပြဋ္ဌာန်းချက်များကို အလေးအနက်ထားသည့်အနေဖြင့် မြန်မာနိုင်ငံအနေ ဖြင့်လည်း အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်တွေမှာသာမက နိုင်ငံရေးနှင့် အုပ်ချုပ်ရေးနယ်ပယ်များအထိ အမျိုးသားများနှင့် ရင်ပေါင်တန်းကာ ပါဝင်ခွင့်ရရှိရေးကို အလေးအနက်ထားလုပ်ဆောင်လျက်ရှိကြောင်း။

မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးတွင် အရေးပါသော အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန်သည့် လူသားအရင်းအမြစ်များဖြစ်ကြောင်း၊ ထိုကဲ့သို့ အဖိုးတန်သည့် လူသားအရင်း အမြစ် များကို ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေးနှင့် လျော့ပါးသက်သာစေရေးလုပ်ငန်းအပါအဝင် ကဏ္ဍစုံ၌ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ စွမ်းရည်ကို ထိထိရောက်ရောက်အသုံးချပေးရန်နှင့် ထိုသို့အသုံးချနိုင်ရေးအတွက် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ စွမ်းဆောင်ရည်ကို ပိုမို မြှင့်တင်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

  • ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရေးနှင့် တုံ့ပြန်ရေးကြိုးပမ်းမှုများတွင် အမျိုးသမီးများအနေဖြင့် အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး ထိရောက်စွာ ပါဝင်ဆောင်ရွက်ရေးသည် အရေးပါသည့်အခန်းကဏ္ဍ၌ ပါဝင်နေကြောင်းကို သတိရှိကြရန်လိုအပ်။
  • မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့သည့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းမှာ နိုင်ငံတစ်နိုင်ငံ၏ ပြီးပြည့်စုံသော ဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာကြီးတစ်ခုလုံး သာယာဝပြောရေးနှင့် ငြိမ်းချမ်းရေးကိုတည်ဆောက်ပေးသည့် အကြောင်းတရားတို့ကို ရရှိရန် အတွက် နယ်ပယ်အားလုံး၌ အမျိုးသားများနှင့်တန်းတူ အမျိုးသမီးများ၏ ပါဝင်မှုကို တိုးမြှင့်နိုင်သလောက်တိုးမြှင့်ပေးရန် လိုအပ်ကြောင်းကို ပြဋ္ဌာန်းထား။
  • မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးတွင် အရေးပါသော အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန်သည့် လူသားအရင်းအမြစ်များဖြစ်။

Add new comment