CRPH၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထု အထိတ်တလန့် ဖြစ်စေရန်အတွက် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများနှင့် ဆရာတော်၊ သံဃာတော်များပါမကျန် လုပ်ကြံသတ်ဖြတ်ခြင်း၊ မြို့ရွာများတွင် တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများအပေါ် အကြမ်းဖက်အဖွဲ့များက စာသင်ကျောင်းများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို အသိတရားမဲ့စွာ လုပ်ဆောင်လျက်ရှိပါသည်။
မတ်လ ၈ ရက်တွင် PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က မိုးညှင်းတက္ကသိုလ်ကျောင်းဝင်းအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ကျောင်းလုံခြုံရေးယူပေးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ပစ်ခတ်မှုကြောင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။ အဆိုပါကျောင်းဝင်းအတွင်းရှိ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် Quaratine Center တွင် ထားရှိသည့် ဒေသခံပြည်သူများသည် အဆိုပါပစ်ခတ်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိသော်လည်း အိပ်ဆောင်နှင့် ထမင်းစားဆောင်များရှိ ပြတင်းပေါက်မှန်များ၊ လေကာမှန်များ ပျက်စီးခဲ့ပြီး အဆောက်အဦနံရံများတွင် ကျည်များထိမှန်ခဲ့ပါသည်။
PDF အကြမ်းဖက်သမားများသည် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာတွင် ပညာရေးကဏ္ဍအား ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါသည်။ ၎င်းတို့အနေဖြင့် ပညာရေးဝန်ထမ်းများနှင့် ပညာရေးဆိုင်ရာ အဆောက်အဦများအား ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် ပြုလုပ်နေခြင်း သည် နိုင်ငံတကာစံနှုန်းနှင့် မကိုက်ညီသဖြင့် ပြည်သူတစ်ရပ်လုံးက ၎င်းတို့၏လုပ်ရပ်များအား ရွံရှာမုန်းတီးလျက်ရှိပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်ရန် ကျောင်းများလုံခြုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အကြမ်းဖက်သမားများအနေဖြင့် လစ်ဟာမှုရှိသည့်နေရာများတွင် မိုင်းထောင်ဖောက်ခွဲခြင်း၊ ယခုကဲ့သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဝိုင်းဝန်းကာကွယ်တားဆီးရန် လိုအပ်မည်ဖြစ်ပြီး မိမိပတ်ဝန်းကျင်၌ အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုတစ်စုံတစ်ရာတွေ့ရှိပါက လျှို့ဝှက်စွာသတင်းပေး တိုင်ကြားပေးနိုင်ပါကြောင်း သိရှိရပါသည်။
- PDF အကြမ်းဖက်သမားများက မိုးညှင်းတက္ကသိုလ်ကျောင်းဝင်းအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ လူ၊ တိရစ္ဆာန် ထိခိုက် သေဆုံးမှုမရှိသော်လည်း အိပ်ဆောင်နှင့် ထမင်းစားဆောင်များရှိ ပြတင်းပေါက်မှန်များ၊ လေကာမှန်များ ပျက်စီးခဲ့ပြီး အဆောက်အဦနံရံများတွင် ကျည်များထိမှန်ခဲ့။
- CRPH၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်အတွက် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများနှင့် ဆရာတော်၊ သံဃာတော်များပါမကျန် လုပ်ကြံသတ်ဖြတ်ခြင်း၊ ကျောင်းသား၊ ကျောင်းသူ များ ပညာသင်ကြားနေမှုများအပေါ် စာသင်ကျောင်းများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို အသိတရားမဲ့စွာ လုပ်ဆောင်လျက်ရှိ။
Add new comment