နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပန်းခင်းစီမံချက်အား ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၎င်းစီမံချက်မှ မဲဆန္ဒရှင် ၃.၈ သန်းကျော်ကို နိုင်ငံသားစိစစ်ရေးကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် “ပန်းခင်း” စီမံချက်ဖြင့် ၃-၅-၂၀၂၁ ရက်မှ ၄-၃-၂၀၂၂ ရက်အထိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုးထုတ်ပေးပြီးစီးမှု အခြေအနေများမှာ -
မွေးရာပါနိုင်ငံသားများအား ဆောင်ရွက်ပြီးစီးမှု |
|||||
အိမ်ထောင်စုလူဦးရေစာရင်း |
ကိုင်ဆောင်လက်မှတ် |
||||
တရားဝင် အထစ |
M အထစ |
ပေါင်း |
နိုင် ၃ (က) |
နိုင် ၆(က) |
ပေါင်း |
၃၆၂,၈၀၃ |
၁၉,၈၃၆ |
၃၈၂,၆၃၉ |
၅၅၆,၂၉၃ |
၂,၄၅၈,၅၉၁ |
၃,၀၁၄,၈၈၄ |
ဥပဒေအရနိုင်ငံသားများအား ဆောင်ရွက်ပြီးစီးမှု |
||||||
ကိုင်ဆောင်လက်မှတ် |
||||||
၁၀ နှစ်ပြည့် |
၁၈ နှစ်ပြည့် |
ပေါင်း |
||||
နိုင် ၃(က) |
ဧည့် ၈(က) |
ပြု ၁၀(က) |
နိုင် ၆(က) |
ဧည့် ၄(က) |
ပြု ၆(က) |
|
၁၂,၇၅၂ |
၁၇ |
၃၀၄ |
၆၁,၃၈၁ |
၉၀ |
၂,၃၉၄ |
၇၆,၉၃၈ |
မှတ်ချက်။ နိုင်၃(က)၊ ဧည့်၈(က)၊ ပြု၁၀(က)= ၁၀နှစ်ပြည့်နိုင်/ဧည့်/ပြု
နိုင်၆(က)၊ ဧည့်၄(က)၊ ပြု၆(က) =၁၈နှစ်ပြည့်နိုင်/ဧည့်/ပြု
တရားဝင် အထစ = တရားဝင် အိမ်ထောင်စုစာရင်း
M အထစ = ရွှေ့ပြောင်း အိမ်ထောင်စုလူဦးရေစာရင်း
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် “ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းကတ်ပြား စုစုပေါင်း ၃၈၇,၇၂၃ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (ကိုင်ဆောင်လက်မှတ်) စုစုပေါင်း ၃,၀၉၁,၈၂၂ ခု ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်၊၊ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း ပြည်ထောင်စုနယ်မြေ(နေပြည်တော်)သည် တတိယမြောက် တိုင်းလုံးကျွတ်ပန်းခင်းစီမံချက်လျာထားချက် ရာနှုန်းပြည့်ထက်ကျော်လွန်ပြီးမြောက်အောင်မြင်ခဲ့ပြီဖြစ်ပြီး တာဝန်ရှိသူများက ဝန်ထမ်းများကို တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ပေးကာ ရာထူးအဆင့်များ တပ်ဆင်ပေးခဲ့ပါသည်၊၊
ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏အနာဂတ်အတွက် အရေးကြီးသည့် စီမံချက်တစ်ခုဖြစ်သကဲ့သို့ နိုင်ငံသားတစ်ဦးချင်းအတွက် လူမှုဘဝဆောင်ရွက်မှုတိုင်းတွင် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားဆိုင်ရာအထောက်အထားတစ်ခု ရရှိနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ခရီးသွားလာမှု၊ တည်းခိုနေထိုင်မှု များနှင့် အခြားသောနိုင်ငံသားကတ်(မှတ်ပုံတင်) ပြသဆောင်ရွက်ကြရသည့် လုပ်ငန်းများတွင် တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ်(မှတ်ပုံတင်)ကို သက်ဆိုင်ရာတာဝန်ရှိသူများက လာမည့်ဧပြီလ ၁ ရက် နံနက် ၆ နာရီမှစ၍ လိုအပ်သလို စစ်ဆေးဆောင်ရွက်မည့်အကြောင်း မိဘပြည်သူများသို့ အသိပေးကြေညာခြင်းကို မတ်လ ၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
- တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် “ပန်းခင်း” စီမံချက်ဖြင့် ၃-၅-၂၀၂၁ ရက်မှ ၄-၃-၂၀၂၂ ရက်အထိ အိမ်ထောင်စုလူဦးရေစာရင်းကတ်ပြား စုစုပေါင်း ၃၈၇,၇၂၃ ခု နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (ကိုင်ဆောင်လက်မှတ်) စုစုပေါင်း ၃,၀၉၁,၈၂၂ ခု ထုတ်ပေးခဲ့ပြီးဖြစ်။
- ၂၀၂၂ ခုနှစ် မတ်လအတွင်း ပြည်ထောင်စုနယ်မြေ (နေပြည်တော်) သည် တတိယမြောက် တိုင်းလုံးကျွတ် ပန်းခင်းစီမံချက်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ခဲ့ပြီး ဝန်ထမ်းများကို တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ပေးခဲ့၊၊
- ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏အနာဂတ်အတွက် အရေးကြီးသည့် စီမံချက်တစ်ခုဖြစ်သကဲ့သို့ နိုင်ငံသားတစ်ဦးချင်းအတွက် လူမှုဘဝဆောင်ရွက်မှုတိုင်းတွင် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားဆိုင်ရာအထောက်အထားတစ်ခုရရှိနိုင်မည့် အခွင့်အ ရေးတစ်ခုဖြစ်။
Add new comment