အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ဒေသတွင်းရေတပ်များ တွေ့ဆုံပွဲ(MILAN-2022)အခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်(ရေ)မှ စစ်ရေ ယာဉ်(ဆင်ဖြူရှင်)သည် မတ်လ ၈ ရက်တွင် ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား (သီလဝါ)သို့ ပြန်လည်ရောက်ရှိခဲ့ရာ အလယ်ပိုင်းရေတပ် ကွပ်ကဲမှု ဌာနချုပ်၊ ဌာနချုပ်မှူး နှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြပါသည်။
အဆိုပါဒေသတွင်းရေတပ်များတွေ့ဆုံပွဲ(MILAN-2022)ကို ဖေဖော်ဝါရီလ ၂၅ ရက်မှ မတ်လ ၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ စစ်ရေယာဉ်(ဆင်ဖြူရှင်) အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ စစ်ရေယာဉ် ၂၂ စင်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ခရီးစဉ်အတွင်း ဆိပ်ကမ်းအခြေပြုစဉ် International Maritime Seminar သို့ နိုင်ငံပေါင်း ၃၉ နိုင်ငံနှင့်အတူ တက်ရောက်ခြင်း၊ Subject Matter Expert Exchange Program သို့ တက်ရောက်ဆွေးနွေးခြင်း၊ ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ International City Parade ၌ ပါဝင်ဆောင်ရွက်ခြင်း၊ MILAN Village တွင် နိုင်ငံတကာယဉ်ကျေးမှုပြပွဲ၌ ကပြဖျော်ဖြေခြင်း၊ ရိုးရာအစားအစာများ တည်ခင်းဧည့်ခံခြင်းနှင့် မြန်မာ့ရိုးရာလက်မှုပစ္စည်းများ ခင်းကျင်းပြသခြင်း၊ ဗုဒ္ဓဂယာနှင့် တာ့ချ်မဟာ(Taj Mahal)သို့ သွားရောက်လည်ပတ်ခြင်း ဆောင်ရွက်ကြပြီး နိုင်ငံတကာစစ်ရေယာဉ်များနှင့် ပူးပေါင်း၍ ပင်လယ်ပြင်လေ့ကျင့်ခန်းများတွင် ပါဝင်လေ့ကျင့်ခဲ့ကြပါသည်။ စစ်ရေယာဉ်(ဆင်ဖြူရှင်) ဖြင့် ယခု သွားရောက်ခဲ့သည့် ခရီးစဉ် အသွား/ အပြန်သည် စုစုပေါင်း ရေမိုင် ၃,၀၂၀ မိုင်ခန့် ရှိကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ဒေသတွင်းရေတပ်များ တွေ့ဆုံပွဲ(MILAN-2022)အခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်(ရေ)မှ စစ်ရေ ယာဉ်(ဆင်ဖြူရှင်)သည် မတ်လ ၈ ရက်တွင် ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား (သီလဝါ)သို့ ပြန်လည်ရောက်ရှိခဲ့ရာ အလယ်ပိုင်းရေတပ် ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး နှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြပါသည်။
အဆိုပါဒေသတွင်းရေတပ်များတွေ့ဆုံပွဲ(MILAN-2022)ကို ဖေဖော်ဝါရီလ ၂၅ ရက်မှ မတ်လ ၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ စစ်ရေယာဉ်(ဆင်ဖြူရှင်) အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ စစ်ရေယာဉ် ၂၂ စင်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ခရီးစဉ်အတွင်း ဆိပ်ကမ်းအခြေပြုစဉ် International Maritime Seminar သို့ နိုင်ငံပေါင်း ၃၉ နိုင်ငံနှင့်အတူ တက်ရောက်ခြင်း၊ Subject Matter Expert Exchange Program သို့ တက်ရောက်ဆွေးနွေးခြင်း၊ ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်းများဆောင်ရွက်ခြင်း၊ International City Parade ၌ ပါဝင်ဆောင်ရွက်ခြင်း၊ MILAN Village တွင် နိုင်ငံတကာ ယဉ်ကျေးမှုပြပွဲ၌ ကပြဖျော်ဖြေခြင်း၊ ရိုးရာ အစားအစာများ တည်ခင်းဧည့်ခံခြင်းနှင့် မြန်မာ့ရိုးရာလက်မှုပစ္စည်းများ ခင်းကျင်းပြသခြင်း၊ ဗုဒ္ဓဂယာနှင့် တာ့ချ်မဟာ(Taj Mahal)သို့ သွားရောက်လည်ပတ်ခြင်း ဆောင်ရွက်ကြပြီး နိုင်ငံတကာစစ်ရေယာဉ်များနှင့် ပူးပေါင်း၍ ပင်လယ်ပြင်လေ့ကျင့်ခန်းများတွင် ပါဝင်လေ့ကျင့်ခဲ့ကြပါသည်။ စစ်ရေယာဉ်(ဆင်ဖြူရှင်) ဖြင့် ယခုသွား ရောက်ခဲ့သည့် ခရီးစဉ် အသွား/ အပြန်သည် စုစုပေါင်း ရေမိုင် ၃,၀၂၀ မိုင်ခန့် ရှိကြောင်း သိရှိရပါသည်။
- အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ဒေသတွင်းရေတပ်များ တွေ့ဆုံပွဲ(MILAN-2022)အခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ဆင်ဖြူရှင်)သည် မတ်လ ၈ ရက်တွင် ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ် ဆိပ်ခံတံတား (သီလဝါ)သို့ ပြန်လည် ရောက်ရှိခဲ့။
- အဆိုပါဒေသတွင်းရေတပ်များတွေ့ဆုံပွဲ(MILAN-2022)ကို ဖေဖော်ဝါရီလ ၂၅ ရက် မှ မတ်လ ၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ စစ်ရေယာဉ်(ဆင်ဖြူရှင်) အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ စစ်ရေယာဉ် ၂၂ စင်း ပါဝင်တက်ရောက်ခဲ့။
- စစ်ရေယာဉ်(ဆင်ဖြူရှင်) ဖြင့် ယခုသွားရောက်ခဲ့သည့် ခရီးစဉ် အသွား/ အပြန်သည် စုစုပေါင်း ရေမိုင် ၃,၀၂၀ မိုင်ခန့်ရှိ။
Add new comment