နိုင်ငံတကာစံနှုန်းများကို ချိုးဖောက်နေသော NUG PDF အဖွဲ့များ၏ ပညာရေးကဏ္ဍကို တိုက်ခိုက်ဖျက်ဆီးမှုများ ဆောင်းပါးကောက်နုတ်ချက်

- တိုင်းပြည်ရဲ့အနာဂတ်ပညာရေးကဏ္ဍကို တိုက်ခိုက်ဖျက်ဆီးနေတဲ့ NUG PDF အကြမ်းဖက်တွေက ကျောင်းတွေ မဖွင့်ဖို့၊ ကလေးတွေ ကျောင်းမတက်ဖို့၊ ဆရာ/ဆရာမတွေ CDM လုပ်ကြဖို့ အမျိုးမျိုးခြိမ်းခြောက်မှုတွေလုပ်နေ တာ ငြင်းမရတဲ့ သက်သေအထောက်အထားများစွာရှိပါတယ်။

- ၂၀၂၁၊ ဖေ ၁ ရက်နေ့မှ ၂၀၂၂၊ ဖေဖော်ဝါရီလကုန်အထိ NUG PDF နဲ့ NLD နိုင်ငံရေးအစွန်းရောက်တွေဟာ-

* စာသင်ကျောင်းကို မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်၊

* စာသင်ကျောင်းကို ဗုံးခွဲတိုက်ခိုက်မှု ၃၆၇ ကြိမ်၊

* စာသင်ကျောင်းအနီး ပစ်ခတ်တိုက်ခိုက်မှု ၁၂ ကြိမ်၊

* စာသင်ကျောင်းမဖွင့်ရန် ခြိမ်းခြောက်မှု ၄၉ ကြိမ်၊

* ဖမ်းဆီးသတ်ဖြတ်ခံရသော ဆရာ/ဆရာမ/ပညာရေးဝန်ထမ်း ၂၃ ဦး၊

* ထိခိုက်ဒဏ်ရာရရှိသော ဆရာ/ဆရာမ/ပညာရေးဝန်ထမ်း ၂၈ ဦး တို့ ဖြစ်ပါတယ်။

- အခုဆိုရင် ဆရာ/ဆရာမတွေကို သတ်ဖြတ်တာ၊ ကျောင်းတွေကို မီးရှို့တာတင်မကတော့ဘဲ စာသင်ကျောင်းတွေ မှာ စစ်စခန်းဆောက်တာ၊ စစ်လေ့ကျင့်ရေးကွင်းတေွအဖြစ်အသုံးပြုနေတာကို စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲ က မရသိမ်စာသင်ကျောင်းမှာ မြင်တွေ့ခဲ့ရပါတယ်။

- ဒီလိုလုပ်ရပ်တွေဟာ နိုင်ငံတကာစံနှုန်းအရကြည့်မယ်ဆိုရင်

1977, Geneva Convention’s Additional two Protocol နှင့် 2009, United Nations Committee on the Rights of the Child – (OHCHR) မှာ စာသင်ကျောင်းတွေိကို ကာကွယ်ပေးဖို့ထုတ်ပြန်ထားပါတယ်။ UNICEF, UNESCO, UNHCR နဲ့ အခြားလူမှုအဖွဲ့အစည်းတွေ ပူးပေါင်းတည်ထောင်ထားတဲ့ Global Coalition to Protect Education From Attack- (GCPEA) မှာလည်း စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေကို စစ်ရေးအတွက် အသုံးမပြုဖို့၊ တိုက်ခိုက်တာတွေ မလုပ်ဖို့၊ ကျောင်းသား/ဆရာ/ဆရာမများကို ကာကွယ်ဖို့ ထုတ်ပြန်ထားပါတယ်။ UN Security Council Resolution 2427 မှာလည်း လက်နက်ကိုင်ပဋိပက္ခကြောင့် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ မပိတ်ဖို့ ပြောကြားထားပါတယ်။ လူသားချင်းစာနာထောက်ထားမှုဉပဒေ (IHL) အရလည်း စာသင်ကျောင်းတွေကို၊ ကလေးများရဲ့ ပညာသင်ကြားခွင့်ကို အနှောင့်အယှက် ပြုလုပ်တာဟာ အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ထားတယ်။ NCA အခန်း(၃)မှာလည်း စာသင်ကျောင်းတွေကို အသုံးမပြုဖို့၊ ကလေး တွေရဲ့ ပညာသင်ကြားခွင့်ကို မပိတ်ဖို့၊ စာသင်ကျောင်းတွေကို မဖျက်ဆီးဖို့ တားမြစ်ထားပါတယ်။

- NUG PDF အကြမ်းဖက်သမားတွေနဲ့ EAOs တချို့ရဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်တာ၊ ဆရာ/ဆရာ မတွေကို သတ်ဖြတ်နေတာတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းအပါအဝင် ကမ္ဘာပေါ်မှာ မည်သည့်နိုင်ငံ၊ မည်သည့်လူ့ အဖွဲ့အစည်းကမှ လက်ခံနိုင်စရာမရှိတဲ့ အကြမ်းဖက်လုပ်ရပ်များဖြစ်ပါတယ်။

- CRPH NUG PDF နဲ့ NLD အစွန်းရောက်သမားတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို သက်သေခိုင်လုံစွာနဲ့ UNCTED, INTERPOL, ASEAN-POL အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးကော်မတီ၊ အိမ်နီးချင်းနိုင်ငံများ၊ သံရုံး များ၊ သက်ဆိုင်ရာအာဏာပိုင်များအား အချက်အလက်များ ပေးပို့ထားပြီးဖြစ်ပါတယ်။

- ဖြစ်ရပ်မှန်အထောက်အထားတွေ၊ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေ၊ ဗီဒီယိုမှတ်တမ်းတွေပါဝင်တဲ့ CRPH NUG PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ် သတင်းပေးပို့ချက်တွေကို မမြင်ချင်ယောင်ဆောင်၊ မသိချင်ယောင် ဆောင်နေတဲ့ နိုင်ငံအချို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းများဟာ အကြမ်းဖက်ဝါဒကို အားပေးလက်ခံနေတယ်လို့ ယူဆရမလို ဖြစ်နေပါတယ်။

- အထူးသဖြင့် ဉပဒေနဲ့အညီ အာဏာထိန်းပြီး အရေးပေါ်ကာလ နိုင်ငံကိုထိန်းကျောင်းပေးနေတဲ့ တပ်မတော်ကို ဖိအားပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ အနောက်နိုင်ငံတချို့ရဲ့ NUG PDF များကို အသိအမှတ်ပြုအားပေးလိုတဲ့ သဘော ထားပြနေခြင်းဟာ အကြမ်းဖက်ဝါဒ (Terrorism)ကို ပံ့ပိုးပေးနေသလိုဖြစ်နေပြီး မြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်း ရေးကို အထောက်အကူမပြုသူများ ဖြစ်ပါတယ်။

- ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုတန်ဖိုးထားပါတယ်ဆိုတဲ့ ဒီမိုဘိုးအေ နိုင်ငံကြီးအချို့ဟာ NUG PDF တို့ရဲ့ ငြင်း လို့မရတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မသိချင်ယောင် မမြင်ချင်ယောင်ဆောင်ပြီး ဒီမိုလှုပ်ရှားနေသူများဟု ပုံဖော် နေမှုဟာ ဆရာမကြီး ဒေါ်လဲ့လဲ့ တို့လို အပြစ်မဲ့အသတ်ခံရသူတွေအတွက် တရားမျှတမှုမရှိဘူးလို့ ဆိုချင်ပါတယ်။

- ဒါကြောင့် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာနိုင်ငံကို အမှန်တကယ်တည်ငြိမ်အေးချမ်းစေလိုပါက မြေပြင်မှာဖြစ်နေတဲ့ အကြမ်းဖက်သတ်ဖြတ်မှုဖြစ်စဉ်တွေကို မှန်မှန်ကန်ကန်ရှုမြင်သုံးသပ်ပြီး နိုင်ငံရေးရည်မှန်း ချက်အောင်မြင်ဖို့ အကြမ်းဖက်လမ်းစဉ်နဲ့ လုပ်ဆောင်နေကြတဲ့ ပြည်တွင်း၊ ပြည်ပ အကြမ်းဖက်သမားများကို ဝိုင်း ဝန်းဆန့်ကျင် တားဆီးပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

၈-၃-၂၀၂၂ ရက်စွဲပါ မြန်မာ့အလင်း၊ ကြေးမှုံနှင့် မြဝတီသတင်းစာပါ

ဆောင်းပါးရှင် - မင်းခန့်၏ ဆောင်းပါးကောက်နုတ်ချက်

Add new comment