(၄၀) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကျင်းပ

(၄၀) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (40th ASEANAPOL Conference) အား ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်မှ ၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်၍ အဆင့်မြင့် ရဲအရာရှိကြီးများ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်-

  • (၁၁) ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေး၊ (၄၀) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးပွဲ၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့။

  • အစည်းအဝေးများ၌ မူးယစ်ဆေးဝါးကုန်ကူးမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်မှုခင်း၊ ပင်လယ်ရေကြောင်းဆိုင်ရာ လိမ်လည်မှု၊ စီးပွားရေးဆိုင်ရာလိမ်လည်မှု၊ ဆိုက်ဘာမှုခင်း၊ ခရီးသွားစာရွက်စာတမ်းအတုပြုလုပ်မှု၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အပြန်အလှန် အကူအညီပေးရေး၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများအကြား စွမ်းရည်မြှင့်တင်ရေးအစီအစဉ်၊ မှုခင်းဆေးသိပ္ပံဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်ရေး စသည့်အကြောင်းအရာများဆွေးနွေးခဲ့ပြီး အာဆီယံရဲအဖွဲ့ဝင် ၁၀ နိုင်ငံမှ ရဲချုပ်များက ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆမ်အား ဂါရဝပြုတွေ့ဆုံခဲ့။

အထက်ပါ (၄၀) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ရဲချုပ်များနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံးမှ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ ဆွေးနွေးဘက် နိုင်ငံ/အဖွဲ့အစည်းများဖြစ်ကြသော အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ နယူးဇီလန်၊ တူရကီ၊ ဗြိတိန်၊ သြစတြေးလျနိုင်ငံတို့မှ ရဲချုပ်များနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ လေ့လာဘက်နိုင်ငံ/ အဖွဲ့အစည်းများဖြစ်ကြသော ကနေဒါ၊ ပြင်သစ်နှင့် အမေရိကန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာရဲချုပ်များ အသင်း (International Association of Chiefs of Police - IACP)၊ Federal Bureau of Investigation (FBI) တို့မှ အဆင့်မြင့်ရဲအရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။

  • (၄၀) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံအား ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်မှ ၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့။
  • (၁၁) ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေး၊ (၄၀) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၏ တွေ့ဆုံ ဆွေးနွေးပွဲ၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးပွဲများသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်၍ အဆင့်မြင့်ရဲအရာရှိကြီးများ တက်ရောက်ခဲ့။
  • အစည်းအဝေးများ၌ မူးယစ်ဆေးဝါးကုန်ကူးမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်မှုခင်း၊ ပင်လယ်ရေကြောင်းဆိုင်ရာ လိမ်လည်မှု၊ စီးပွားရေးဆိုင်ရာလိမ်လည်မှု၊ ဆိုက်ဘာမှုခင်း၊ ခရီးသွားစာရွက်စာတမ်းအတုပြုလုပ်မှု၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အပြန်အလှန် အကူအညီပေးရေး၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများအကြား စွမ်းရည်မြှင့်တင်ရေးအစီအစဉ်၊ မှုခင်းဆေးသိပ္ပံဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်ရေးစသည့်အကြောင်းအရာများဆွေးနွေးခဲ့။

Add new comment