ညောင်တုန်း-မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေမှ တစ်ရက်လျှင် လေဆီ ၇၀ စည် (condensate)နှင့် သဘာဝဓာတ်ငွေ့ ၂၂ ဒသမ ၅ ကုဗပေသန်း ထုတ်လုပ်ပေးလျက်ရှိ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မတ်လ ၅ ရက်နေ့တွင် ညောင်တုန်း-မအူပင်ရေနံမြေ၏ လေဆီနှင့် သဘာဝဓာတ်ငွေ့ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် တွင်းသစ်များ တူးဖော်မှုအခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ညောင်တုန်း-မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေမှ တစ်ရက်လျှင် လေဆီ ၇၀ စည် (condensate)နှင့် သဘာဝဓာတ်ငွေ့ ၂၂ ဒသမ ၅ ကုဗပေသန်း ထုတ်လုပ်ပေးလျက်ရှိပြီး အဆိုပါဒေသမှထွက်ရှိသော သဘာဝဓာတ်ငွေ့များအား ဓာတ်မြေဩဇာစက်ရုံ( မြောင်းတကာ၊ ကန်ကြီးထောင့်)၊ ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် CNG သုံးမော်တော်ယာဉ်များအတွက် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရပါသည်။

  • လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများက ညောင်တုန်း-မအူပင်ရေနံမြေ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
  • ညောင်တုန်း-မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေမှ တစ်ရက်လျှင် လေဆီ ၇၀ စည် (condensate)နှင့် သဘာဝဓာတ်ငွေ့ ၂၂ ဒသမ ၅ ကုဗပေသန်း ထုတ်လုပ်ပေးလျက်ရှိ။

Add new comment