နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး ပြည်ပနိုင်ငံ များသို့ တရားမဝင်ထွက်ခွာသွားသော အောက်ပါပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံ၏အကျိုး ကို ထိခိုက်စေနိုင်သောလုပ်ဆောင်ချက်များ ပြုလုပ်ခဲ့သည်ကို ဖော်ထုတ်တွေ့ရှိရသဖြင့် နိုင်ငံသားအဖြစ်မှရပ်စဲကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ကြေညာ ခဲ့ပါသည်။
ထုတ်ပြန်ကြေညာချက်
၁။ နိုင်ငံတော်၏တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး ပြည်ပနိုင်ငံများသို့ တရားမဝင်ထွက်ခွာသွားသူ (၁၁) ဦးသည် မြန်မာနိုင်ငံ၏အကျိုးကို ထိ ခိုက်စေနိုင်သော လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့ကြကြောင်း ဖော်ထုတ်တွေ့ရှိရသဖြင့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားအဖြစ်မှရပ်စဲကြောင်းကို ၄-၃-၂၀၂၂ ရက်နေ့ တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ အလားတူကျူးလွန်မှုများကို ကျူးလွန်ကြောင်း ဆက်လက်စိစစ်ဖော်ထုတ်တွေ့ရှိရသည့် အောက်ပါပုဂ္ဂိုလ်များအား ၁၉၈၂ ခုနှစ်၊ မြန်မာ နိုင်ငံသားဥပဒေပုဒ်မ ၆၇ ပါ ဗဟိုအဖွဲ့၏လုပ်ပိုင်ခွင့်အရ ယင်းဥပဒေပုဒ်မ ၁၆ နှင့် အညီ နိုင်ငံသားအဖြစ်မှ ရပ်စဲခဲ့သည်-
(က) ဆောင်းဦးလှိုင်(ဘ)ဦးဆွေလင်းအေး
( ခ ) မောင်မောင်အေး(ဘ)ဦးရင်ဝှာ
( ဂ ) ခင်မမမျိုး (ဘ) ဦးမျိုးသန့်
(ဃ) ပြည်သစ်ညွန့်ဝေ(ခ)မောင်မောင်(ဘ)ဦးညွန့်ဝေ
( င ) ဖြူဖြူသင်း(ဘ) ဦးလှထွန်း
၂။ ဆက်လက်စိစစ်ဖော်ထုတ်တွေ့ရှိရသူများကိုလည်း အလားတူ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
- နိုင်ငံတော်၏တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး ပြည်ပနိုင်ငံများသို့ တရားမဝင်ထွက်ခွာသွားသော ဆောင်းဦးလှိုင်၊ မောင်မောင်အေး၊ ခင်မမမျိုး၊ ပြည်သစ်ညွန့်ဝေ၊ ဖြူဖြူသင်းတို့သည် မြန်မာနိုင်ငံ၏အကျိုးကို ထိခိုက်စေနိုင်သော လုပ်ဆောင်ချက်များ ဖော်ထုတ်တွေ့ရှိရသဖြင့် နိုင်ငံသားအဖြစ်မှ ရပ်စဲခဲ့။
Add new comment