ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ဈေးကားများဖြင့် စားသုံးဆီလှည့်လည်ရောင်းချပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ဈေးကားများဖြင့် စားသုံးဆီ လှည့်လည်ရောင်းချပေးလျက်ရှိသည်ကို မြန်မာနိုင်ငံဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်းမှ သိရှိရပါသည်။

ကမ္ဘာ့စားသုံးဆီဈေးနှုန်းနှင့်အတူ ပြည်တွင်းစားသုံးဆီဈေးနှုန်းများ လိုက်ပါမြင့်တက်နေသောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နေရာ ၄၀ ခန့်သို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးရာတွင် တိုက်ကြီး၊ ကျောက်တန်း၊ မြောက်ဥက္ကလာပ၊ ရွှေပြည်သာ၊ လှည်းကူးစသည့်မြို့နယ်များအပါအဝင် မြို့နယ်အစုံ၌ တစ်ပိဿာလျှင် ငွေကျပ် ၅,၉၀၀ ဖြင့် ရောင်းချပေးလျက်ရှိပြီး လက်ရှိဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၇,၈၀၀ ဝန်းကျင်ရှိပါသည်။

ကမ္ဘာ့စားသုံးဆီဈေးနှုန်းသည် တင်သွင်းသည့်နိုင်ငံများ၏ ထုတ်လုပ်နိုင်မှုနှင့် ရောင်းချနိုင်မှုအခြေအနေ၊ ပြည်တွင်းလက်ကျန်နည်းပါးခြင်း စသည့်အချက်များကြောင့် မြင့်တက်နေခြင်းဖြစ်ရာ ပြည်တွင်းစားသုံးဆီဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ပြည်တွင်းရှိ စားသုံးဆီရောင်းချသည့်ကုမ္ပဏီများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာများကို ရည်ညွှန်းဈေးဖြင့်ရောင်းချပေးခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ဈေးကားများဖြင့် စားသုံးဆီလှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

  • ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးဆီများ လှည့်လည်ရောင်းချပေးရာတွင် တိုက်ကြီး၊ ကျောက်တန်း၊ မြောက်ဥက္ကလာပ၊ ရွှေပြည်သာ၊ လှည်းကူးစသည့် မြို့ နယ်များအပါအဝင် မြို့နယ်အစုံ၌ တစ်ပိဿာလျှင် ငွေကျပ် ၅,၉၀၀ ဖြင့် ရောင်းချပေးလျက်ရှိ။

Add new comment