ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆက်လက်ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-

  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မတ်လ ၆ ရက်အထိ လူဦးရေစုစုပေါင်း ၂၄ ဒသမ ၀၅ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၂၁ ဒသမ ၂၇ သန်းနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၂ ဒသမ ၇၈ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၄၆ ဒသမ ၁၈ သန်းထိုးနှံပြီးဖြစ်။
  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၆ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster စုစုပေါင်းထိုးနှံပြီးစီးသူ ၈၄၇,၈၁၈ ဦးရှိ။
  • ၄-၃-၂၀၂၂ ရက်အထိ မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)တွင် ဖွင့်လှစ်ထားရှိသော ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) OA-013733 စာရင်းပိတ်လက်ကျန်ငွေမှာ ၁၆၂,၅၅၆,၄၃၃,၆၉၂.၅၃ ကျပ်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ EDC 600012 စာရင်းပိတ်လက်ကျန်ငွေမှာ အမေရိကန်ဒေါ်လာ ၂၂,၂၆၇,၃၄၉.၅၃ သန်းတို့ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ မတ်လ ၆ ရက်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၁၆,၅၈၈ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၀၂၉ ဦးဖြင့် ရောဂါပိုး တွေ့ရှိမှု ၆.၂၀ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၆-၃-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၇,၂၅၄,၃၂၇ ခုအားစစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၉၈,၄၄၆ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၃၈၉ ဦးရှိကြောင်း သိရှိရပါသည်။

  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မတ်လ ၆ ရက်အထိ လူဦးရေစုစုပေါင်း ၂၄ ဒသမ ၀၅ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၂၁ ဒသမ ၂၇ သန်းနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၂ ဒသမ ၇၈ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၄၆ ဒသမ ၁၈ သန်းထိုးနှံပြီးဖြစ်။
  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၆ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster စုစုပေါင်းထိုးနှံ ပြီးစီးသူ ၈၄၇,၈၁၈ ဦးရှိ။
  • ၆-၃-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၇,၂၅၄,၃၂၇ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၉၈,၄၄၆ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၃၈၉ ဦးဖြစ်ပြီး ၆-၃-၂၀၂၂ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၆.၂၀ ရာခိုင်နှုန်းရှိ။

Add new comment