ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နှင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား အလေးထားဆောင် ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အောက်ပါအတိုင်းဖမ်းဆီးရမိခဲ့ပါ သည်-
- ဖေဖော်ဝါရီလ ၁ ရက်မှ ၂၈ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်း ၅၃၂.၀၅၅ ကီလို၊ ဘိန်းဖြူ ၃၅.၆၁၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၈၀၁,၂၀၈ ပြား၊ အိုက်စ် ၁,၁၀၀.၅၁၉ ကီလို၊ ဆေးခြောက် ၃၆.၆၂၉ ကီလို၊ ဘိန်းဆီခဲ ၀.၀၅၅ ကီလို၊ အဆင့် နိမ့်ဘိန်း ၀.၃၅ ကီလို၊ ဘိန်းစာရွက် ၁.၇၉၆၃ ကီလို၊ ဘိန်းစာမှုန့် ၁.၉၆၈ ကီလို၊ Ecstasy ဆေးပြား ၇၅၀ ပြား၊ အယ်လ်ပရာဇိုလမ်ဆေးပြား ၁၂၀,၀၀၀ ပြား၊ ကတ်တမင်း ၀.၈၂ ကီလို၊ အမိုနီယမ်နိုက်ထရိတ် ၈,၃၆၀ ကီလို၊ Sodium Cyanide ၄၇,၇၅၀ ကီလို၊ Dioctyl Terephthalate ၁.၅ လီတာ စုစုပေါင်း တန်ဖိုးငွေကျပ် သန်းပေါင်း ၁၇၆,၃၆၂.၄၆ (US$ ၉၉ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ အမျိုးသား ၃၄၇ ဦး၊ အမျိုးသမီး ၄၂ ဦး၊ စုစုပေါင်း တရားခံ ၃၈၉ ဦး ဖမ်းဆီးရ မိခဲ့ပါသည်။
အထက်ပါဖမ်းဆီးရမိသည့် တရားခံများအား သက်ဆိုင်ရာရဲစခန်းများသို့ လွှဲ ပြောင်းပေးခဲ့ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့များပူးပေါင်း၍ မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ဆက်လက်ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။
- ဇန်နဝါရီလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နှင်းရေးတပ်ဖွဲ့ဝင် များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ စုစုပေါင်း တန်ဖိုး ငွေကျပ် သန်းပေါင်း ၁၇၆,၃၆၂.၄၆ (US$ ၉၉ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါး များနှင့်အတူ တရားခံ ၃၈၉ ဦးအား ဖမ်းဆီးရမိခဲ့။
Add new comment