ဒီဇင်ဘာခရစ္စမတ် ရုံးပိတ်ရက်အတွင်း၌ ပြည်တွင်းခရီးသွားဧည့်သည်များ၊ အနားယူအပန်းဖြေသူများဖြင့် စည်ကား

   ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရ သမိုင်းဝင်ဘုရား၊ ပုထိုး၊ သာသနိက အဆောက် အဦများတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များ များပြားစွာလာရောက်လျက်ရှိပါသည်။

· သမိုင်းဝင်စေတီပုထိုးများဖြစ်သည့် ပုဂံ-ညောင်ဦး ဘက်ခြမ်းရှိ စွယ်တော်သုံးဆူ၊ ဧရာဝတီမြစ်တစ်ဘက်ကမ်းရှိ ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင် စွယ်တော်မြတ်စေတီ၊ မဟာငှက်ပစ်တောင်စေတီ၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ စူဠာမဏိဘုရားများအား ပြည်တွင်းခရီးသွား ဘုရားဖူး ဧည့်သည်များက လာရောက်ဖူးမြော်လျက်ရှိ။

· ခရစ္စမတ်အားလပ်ရက်ကာလတွင် ပုဂံရှေးဟောင်းယဉ်ကျေး မှုနယ်မြေရှိ အထင်ကရ သမိုင်းဝင်ဘုရား၊ ပုထိုး၊ သာသနိက အဆောက်အအုံများတွင် ဘုရားဖူးလာရောက်သူဦးရေ ၃,၀၀၀ ကျော် စည်ကားလျက်ရှိ။

· ရန်ကုန်မြို့၊ ပြည်လမ်း၊ အင်းလျားကန်ပေါင်တွင် လမ်းလျှောက်အပန်းဖြေသူများ၊ အားကစားပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည့်အပြင်  အများပြည်သူ ရုံးပိတ်ရက် အားလပ်ချိန်များတွင်လည်း လူကြီးလူငယ်များနှင့် မိသားစု များ လာရောက်အပန်းဖြေလျက်ရှိ။

· ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ။

ဒီဇင်ဘာလ ရုံးပိတ်ရက်ကာလတွင်း နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီပုထိုးများတွင် လာရောက်ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိသကဲ့သို့ ပန်းခြံများ၊ ကမ်းခြေများနှင့် ကလေးကစားကွင်းများတွင်လည်း မိသားစုလိုက်လာရောက် အပန်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရပါသည်။

  •  ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်၌ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ အင်းလျားကန်ပေါင်နှင့် ချောင်းသာ ကမ်းခြေတို့တွင် ဘုရားဖူးဧည့်သည်များနှင့် အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိ။