ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မတ်လ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်းပေါ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ JFE Engineering Corporation တို့ ပူးပေါင်းဆောင်ရွက်သည့် J & M Steel Solutions Co., Ltd သို့ ရောက်ရှိပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ပေးပို့မည့် တံတားသံပေါင်များ ထုတ်လုပ်ထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားဒီဇိုင်းဌာနခွဲနှင့် တံတား အထူးအဖွဲ့မှ ဝန်ထမ်းများကိုတွေ့ဆုံ၍-
- မိမိတို့ တာဝန်ယူဆောင်ရွက်သော တံတားပုံစံများ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရန်နှင့် ဆန်းသစ်တီထွင်မှုများရှိအောင် ဆောင်ရွက်ရန်လိုကြောင်း။
- နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ထမ်းများ၏အခန်းကဏ္ဍသည် အလွန်အရေး ကြီးကြောင်း၊ မိမိတို့လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် စေတနာထားလုပ်ဆောင်ရန်လိုကြောင်း မှာကြားခဲ့ပါသည်။
ရန်ကုန်မြို့ရှိ J & M Steel Solutions စက်ရုံသည် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ JFE Engineering Corporation တို့ပူးပေါင်းပြီး ပြည်တွင်း၌ တံတားသံပေါင်များနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်လျက်ရှိသည့်အပြင် ပြည်ပမှ မှာယူသော တံတားသံပေါင်များကိုလည်း ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။
- ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ JFE Engineering Corporation တို့ ပူးပေါင်းဆောင်ရွက်သည့် J & M Steel Solutions Co., Ltd သို့ ရောက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပေးပို့မည့် တံတားသံပေါင်များ ထုတ်လုပ်ထားမှုကို ကြည့်ရှုစစ်ဆေးခဲ့။
- ရန်ကုန်မြို့ရှိ J & M Steel Solutions စက်ရုံသည် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်ဂျပန်နိုင်ငံ JFE Engineering Corporation တို့ပူးပေါင်းပြီး ပြည်တွင်း၌ တံတားသံပေါင်များနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်လျက်ရှိသည့်အပြင် ပြည်ပမှ မှာယူသော တံတားသံပေါင်များကိုလည်း ထုတ်လုပ်လျက်ရှိ။
Add new comment