နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်အမှာစကားပြောကြား

၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် ပြည်ထောင်စု အရအသုံးခန့်မှန်းခြေငွေစာရင်းများတင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့်  တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများကို မတ်လ ၄ ရက်တွင် နေပြည်တော်၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် ပြည်ထောင်စု အရအသုံးခန့်မှန်းခြေငွေစာရင်းများတင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-

  • ယခုကာလသည် ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်လည်းကောင်း၊ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုကြောင့်လည်းကောင်း ကမ္ဘာ့နိုင်ငံများတွင် စီးပွားရေးကျဆင်းခဲ့ရပြီး အထွေထွေကုန်စည်ဈေးနှုန်းများ၊ ကမ္ဘာ့ရွှေဈေး၊ ရေနံဈေးနှင့် ငွေကြေးဈေးနှုန်းမတည်ငြိမ်မှုများလည်း ကြုံတွေ့ နေကြရကြောင်း။
  • မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကိုလည်း ရိုက်ခတ်မှုများ ကြုံတွေ့နေကြရပြီး တွေ့ကြုံရသည့်စိန်ခေါ်မှုများနှင့် အခက်အခဲများကို ကျော်လွှားနိုင်ရေးနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီနိုင်ရန် အခွန်ဆိုင်ရာ ဖြေလျှော့မှုများနှင့် ငွေကြေးထောက်ပံ့မှုများကို သက်ဆိုင်ရာကဏ္ဍ အလိုက် ဆောင်ရွက်ပေးခဲ့ရကြောင်း။
  • အဆိုပါ အခြေအနေများအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ ရငွေများကို လျော့နည်းခန့်မှန်းလျာထားခဲ့ရပြီး ရငွေရရှိနိုင်မှုအနေအထားအပေါ် မူတည် ၍ အသုံးစရိတ်ကို စိစစ်ခွဲဝေပေးရခြင်းဖြစ်ကြောင်း။
  • စက်သုံးဆီသုံးစွဲမှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် စက်သုံးဆီများကို ပြည်ပမှ ဝယ်ယူတင်သွင်းနေရသည့်အတွက် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းစေရန်နှင့် အသုံးစရိတ်လျှော့ချနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း။
  • ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များသည် အဆောင်အယောင်များဆိုင်ရာ ဥပဒေအရ ခံစားခွင့်ပြုထားသည့် မော်တော်ယာဉ်များ၏ စက်သုံးဆီသုံးစွဲခွင့်ပြုနှုန်းထားများကိုလည်း လက်ရှိနိုင်ငံတော်၏ ရငွေပိုင်းအခြေအနေအရ၊ ခြိုးခြံချွေတာရေးအရ ၂၀၂၂ ခုနှစ်၊ ဧပြီလမှစ၍ လျှော့ချသုံးစွဲကြမည်ဖြစ်ကြောင်း။
  • ငွေလုံးငွေရင်းအသုံးစရိတ်များအနေဖြင့် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့်ကဏ္ဍများဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များကို ဦးစားပေးခွင့်ပြုပေးထားကြောင်း။
  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အမှန်ရရှိနိုင်မည့် ပြည်ပအကူအညီရငွေ၊ ပြည်ပချေးယူရငွေများဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများအတွက် အသုံးစရိတ်များကိုလည်း စိစစ်ပြီးလျာထားခွင့်ပြုထားကြောင်း။
  • ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းစိစစ်ခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်သို့ တင်ပြသွားမည် ဖြစ်ကြောင်း။
  • ဆက်လက်ပြီး ဘဏ္ဍာရေးဆိုင်ရာကော်မရှင်၏ ထောက်ခံချက်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်လက်တင်ပြကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို အတည်ပြုပြဋ္ဌာန်းမည်ဖြစ်ကြောင်း။
  • ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွက်လျာထားသည့် ဘဏ္ဍာငွေများကိုသုံးစွဲ၍ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ မိမိတို့သက် ဆိုင်ရာကဏ္ဍအလိုက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏အရ အသုံးခန့်မှန်းခြေငွေစာရင်းများတင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြား ရာတွင်-

  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်သည် နိုင်ငံတော်က ဘဏ္ဍာရေးနှစ်ကို ပြန်လည်ပြောင်းလဲပြင်ဆင်သတ်မှတ်ပြီးနောက် စတင်ဆောင်ရွက်သည့် ပထမဆုံးဘဏ္ဍာရေးနှစ်ဖြစ် ကာ (၁) နှစ်တာကာလ ဘတ်ဂျက်ဖြစ်ကြောင်း။
  •  ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံ ပြောင်းလဲမှုဖြစ်စဉ်များအရ နိုင်ငံတော်၏ ကဏ္ဍစုံရငွေများ လျော့နည်းနိုင်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၏ လိုငွေအတွက် ပြည်ထောင်စုမှ ထောက်ပံ့ငွေကို ယခင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ကထက် ၁၂ ရာခိုင်နှုန်း လျော့နည်းပြီး ၈၈ ရာခိုင်နှုန်း အထိ ထောက်ပံ့ထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်သည် တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အားပေးဆောင်ရွက်ရမည့် နှစ်တစ်နှစ်ဖြစ်သကဲ့သို့ အုပ်ချုပ်မှုဆိုင်ရာ သာမန်အသုံးစရိတ်များဖြစ်သည့် ဝန်ထမ်းလစာစရိတ်များ၊ စက်သုံးဆီစရိတ်များ၊ ပြင်ဆင်ထိန်း သိမ်းစရိတ်များစသည်တို့ကို ခြိုးခြံချွေတာပြီး GDP တိုးတက် စေမည့် ကုန်ထုတ်လုပ်မှု အကျိုးပြုအသုံးစရိတ်များနှင့် ဒေသဖွံ့ဖြိုးရေးအသုံးစရိတ်များကို ဦးစားပေးသုံးစွဲသင့်သည့် နှစ်ဖြစ်ကြောင်း။
  • အသုံးစရိတ်များသုံးစွဲကြရာတွင် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာလိုက်နာကြရန်နှင့် အသုံးစရိတ်များအတွက် မှတ်တမ်းမှတ်ရာများနှင့် အထောက်အထားများကို စာရင်းစစ်ဆေးခံနိုင်ရန် အဆင်သင့်ဆောင်ရွက်ထားကြစေလိုကြောင်း။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရရှိမည့်အခွန်အကောက်ရငွေများ၊ အခြား သာမန်ရငွေများကိုလည်း လျာထားသည့်အတိုင်း ပြည့်ဝစွာကောက်ခံရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ပို့ကုန်နှင့် ပြည်ပဝန်ဆောင်မှုကဏ္ဍ၊ ပို့ကုန်အမယ်များတိုးတက်စေရေးကဏ္ဍ၊ GDP တွင် လယ်ယာ၊ သား၊ ငါး၊ သစ်တောကဏ္ဍအချိုးမြင့်မားစေရေးကဏ္ဍအပြင် စက်မှုကဏ္ဍ၌ နိုင်ငံတော်၏ စီမံကိန်းများတွင် လိုအပ်သလို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်၏ GDP တိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ စီမံကြီးကြပ်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးများသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်ထောင်စုအဆင့်ဌာနများနှင့် အဖွဲ့အစည်း များမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ ရငွေများကို လျော့နည်းခန့်မှန်းလျာထားခဲ့ရပြီး ရငွေရရှိနိုင်မှုအနေအထားအပေါ် မူတည်၍ အသုံးစရိတ်ကို စိစစ်ခွဲဝေပေးရခြင်းဖြစ်
  • ငွေလုံးငွေရင်းအသုံးစရိတ်များအနေဖြင့် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့်ကဏ္ဍများဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များကို ဦးစားပေးခွင့်ပြုပေးထား
  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အမှန်ရရှိနိုင်မည့် ပြည်ပအကူအညီရငွေ၊ ပြည်ပ ချေးယူရငွေများဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများအတွက် အသုံးစရိတ်များကိုလည်း စိစစ်ပြီးလျာထားခွင့်ပြုထား
  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်သည် တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အားပေးဆောင်ရွက်ရမည့် နှစ်တစ်နှစ်ဖြစ်သကဲ့သို့ အုပ်ချုပ်မှုဆိုင်ရာ သာမန်အသုံးစရိတ်များဖြစ်သည့် ဝန်ထမ်းလစာစရိတ်များ၊ စက်သုံးဆီစရိတ်များ၊ ပြင်ဆင်ထိန်း သိမ်းစရိတ်များစသည်တို့ကို ခြိုးခြံချွေတာပြီး GDP တိုးတက်စေမည့် ကုန်ထုတ်လုပ်မှု အကျိုးပြုအသုံးစရိတ်များနှင့် ဒေသဖွံ့ဖြိုးရေးအသုံးစရိတ်များကို ဦးစားပေးသုံးစွဲသင့်သည့်နှစ်ဖြစ်
  • အသုံးစရိတ်များသုံးစွဲကြရာတွင် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာလိုက်နာကြရန်နှင့် အသုံးစရိတ်များအတွက် မှတ်တမ်းမှတ်ရာများနှင့် အထောက်အထားများကို စာရင်းစစ်ဆေးခံနိုင်ရန် အဆင်သင့်ဆောင်ရွက်ထားကြစေလို
  • တိုင်းဒေသကြီးနှင့် ပြည်နယ်၏ GDP တိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ စီမံကြီးကြပ်ဆောင်ရွက်ပေးကြရမည်ဖြစ်

Add new comment