ဘားအံမြို့နယ်၌ ကမ္ဘောဇဘဏ်ခွဲ(၁)အား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ဘဏ်အတွင်းရှိ ငွေများလုယက်ယူဆောင်

မတ်လ ၄ ရက်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ(၁)သို့ အကြမ်းဖက်အမျိုးသား ၁၀ ဦးရောက်ရှိလာပြီး ဘဏ်လုံခြုံရေးဝန်ထမ်းအား သေနတ်ဖြင့်ထောက်၍ ဘဏ်အတွင်းသို့ ခေါ်ဆောင်ခဲ့ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ဘဏ်ဝန်ထမ်းများအား ခေါင်းငုံ့ခိုင်းကာ ဘဏ်မန်နေဂျာနှင့် ဘဏ်ဝန်ထမ်း များ၏ လက်ကိုင်ဖုန်း ၈ လုံး၊ ဘဏ်ကောင်တာပေါ်ရှိ မြန်မာငွေစက္ကူရောရာ ၂၃၀, ၄၅၇,၈၀၅ ကျပ် ၊ DELL အမျိုးအစား LAPTOP ၂ လုံးနှင့် HIKVISION အမျိုးအစား CCTV အထိုင်စက် ၁ လုံး တို့အား လုယက်ယူဆောင်၍ ဘဏ်အတွင်းရှိ CCTV ကင်မရာ များ၊ VIEW SONIC အမျိုးအစားမော်နီတာ ၁၂ လုံး၊ CANNON အမျိုးအစား ပရင်တာ ၂ လုံး၊ GLORY အမျိုးအစား ငွေရေစက် ၄ လုံးတို့အား ဖျက်ဆီးကာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။

PDF အကြမ်းဖက်သမားများ၏ အရပ်ဘက်ရုံးဌာနများအား ဖောက်ခွဲတိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများကြောင့် ပြည်သူလူထုအကြားတွင် စိုးရိမ်ကြောက်ရွံ့မှုများဖြစ်ပေါ်ကာ အချင်းချင်းပူးပေါင်းဆောင်ရွက်မှု အားနည်းလာခြင်းအပေါ် အခွင့်အရေးတစ်ရပ်အနေဖြင့် အသုံးချကာ အကြမ်းဖက် ဒုစရိုက်သမားများသည် လက်နက်များအသုံးပြု၍ ဘဏ်နှင့် ရွှေဆိုင်အချို့အား လုယက်သည့်ဖြစ်စဉ်များ မကြာခဏကျူးလွန်လာကြောင်း တွေ့ရှိရပါသည်။

 အဆိုပါအကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။   

  • ဘားအံမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ(၁)အား အကြမ်းဖက်အမျိုးသား ၁၀ ဦးက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ဘဏ်အတွင်းရှိ လက်ကိုင်ဖုန်း ၈ လုံး၊ မြန်မာငွေစက္ကူ ရောရာ ၂၃၀, ၄၅၇,၈၀၅ ကျပ် ၊ DELL အမျိုးအစား LAPTOP ၂ လုံးနှင့် HIKVISION အမျိုးအစား CCTV အထိုင်စက် ၁ လုံးတို့အား လုယက် ယူဆောင်ထွက်ပြေးသွားခဲ့။

Add new comment