ပြည်ထောင်စုနယ်မြေ(နေပြည်တော်)သည် တတိယမြောက်တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးစီးအောင်မြင်ခဲ့ခြင်းဖြစ်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ (နေပြည် တော်) ပန်းခင်းစီမံချက်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို မတ်လ ၄ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ (MICC-2)၌ ကျင်းပခဲ့ပါသည်။

အခမ်းအနား၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက-

  • ၂ဝ၂ဝ  ပြည့်နှစ် ရွေးကောက်ပွဲကာလတွင်   မဲမသမာမှု အရေအတွက် ၁၁ ဒသမ ၃ သန်းကျော်ရှိခဲ့ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိဘဲ မဲပေးခဲ့သူ  ၄ ဒသမ ၆ သန်း ကျော် ရှိနေသည့်အတွက် လာမည့်ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ အားလုံး နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင် ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ရေးဆွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊၊

  • ပန်းခင်းစီမံချက်ကို ၂ဝ၂၁ ခုနှစ် မေ  ၃ ရက်မှ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ၁၈ လကြာ ဆောင်ရွက်ရန်နှင့် ယင်းကာလအတွင်း တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ပေးရမည့် လျာထားအရေအတွက်များအတိုင်း ပြည့်မီပြီးစီးရန် သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

  • ပန်းခင်းစီမံချက်ကို ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် တိုင်း လုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ပြီး ယခုပြည်ထောင်စုနယ်မြေ (နေပြည်တော်) သည်လည်း တတိယမြောက်တိုင်းလုံးကျွတ် လျာထားချက်ရာနှုန်းပြည့် ပြီးစီးအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း၊၊

ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်း ခရိုင်နှစ်ခု၊ မြို့နယ်ရှစ်မြို့နယ်၊ ရပ် ကွက် ၅၈ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၈၇ အုပ်စု၊ ကျေးရွာပေါင်း ၇၉၆ ရွာရှိပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား  ၆၂,၃၉၁  ကတ်ထုတ်ပေး၍ လျာထားဆောင် ရွက်ခဲ့ရာ ယခုအထိ ၆၇,၁၆၇ ကတ်ထုတ်ပေးပြီးစီးနေပြီဖြစ်ပြီး ရာခိုင်နှုန်း အားဖြင့် ၁ဝ၇ ဒသမ ၆၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် လျာထားချက်ရာနှုန်းပြည့်ပြီးမြောက် ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

  • ၂ဝ၂ဝ  ပြည့်နှစ် ရွေးကောက်ပွဲကာလတွင်   မဲမသမာမှု အရေအတွက် ၁၁ ဒသမ ၃ သန်းကျော်ရှိခဲ့ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိဘဲ မဲပေးခဲ့သူ  ၄ ဒသမ ၆ သန်းကျော် ရှိနေသည့်အတွက် လာမည့်ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ရေးဆွဲဆောင်ရွက်ခဲ့ခြင်းဖြစ်၊၊
  • ပန်းခင်းစီမံချက်ကို ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ပြီး ယခုပြည်ထောင်စုနယ်မြေ (နေပြည်တော်)သည်လည်း တတိယမြောက်တိုင်းလုံးကျွတ် လျာထားချက်ရာနှုန်းပြည့် ပြီးစီးအောင်မြင်ခဲ့ခြင်းဖြစ်၊၊
  • ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်း ခရိုင်နှစ်ခု၊ မြို့နယ် ရှစ်မြို့နယ်၊ ရပ် ကွက် ၅၈ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၈၇ အုပ်စု၊ ကျေးရွာပေါင်း ၇၉၆ ရွာရှိပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား  ၆၂,၃၉၁  ကတ်ထုတ်ပေး၍ လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ ၆၇,၁၆၇ ကတ်ထုတ်ပေးပြီးစီးနေပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၁ဝ၇ ဒသမ ၆၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့၊၊

Add new comment