ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်၌ ဒီဇင်ဘာလ ၂၀ ရက်မှ ၂၃ ရက်အထိ တစ်ပတ်တာကာလအတွင်း Myanmar Citizens Bank Co.,Ltd.(MCB)မှလွဲ၍ ကျန်စာရင်းဝင်ကုမ္ပဏီ ၆ ခု၏ စတော့ရှယ်ယာရောင်းဝယ်မှုမှ ငွေကျပ် ၂၈ သန်းကျော် ရရှိခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏စာရင်းအရ သိရှိရပါသည်။
ဒီဇင်ဘာလ ၂၀ ရက်မှ ၂၃ ရက်အထိ တစ်ပတ်တာကာလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ အရောင်းအဝယ်ပြုလုပ်မှုအနေဖြင့် ရန်ကုန်စတော့အိတ်ချိန်းကုမ္ပဏီ ၆ ခု ဖြစ်သော First Myanmar Investment Public Co.,Ltd.(FMI)၊ Myanmar Thilawa SEZ Holdings Public Co.,Ltd.(MTSH)၊ First Pr- ivate Bank Co.,Ltd.(FPB)၊ TMH Telecom Public Co.,Ltd.၊ Ever Flow River Group Public Co.,Ltd.(EFR)၊ AMATA Holding Public Co.,Ltd.များက စုစုပေါင်း စတော့ရှယ်ယာအစောင်ရေ ၈,၈၇၅ စောင်မှ ငွေကျပ် ၂၈,၅၈၁,၆၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။
- ဒီဇင်ဘာလ ၂၀ ရက်မှ ၂၃ ရက်အထိ တစ်ပတ်တာကာလအတွင်း စာရင်းဝင်ကုမ္ပဏီ ၆ ခုက စုစုပေါင်းစတော့ရှယ်ယာ အစောင်ရေ ၈,၈၇၅ စောင်မှ ငွေကျပ် ၂၈,၅၈၁,၆၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့။