ဆေးပညာဘွဲ့ရဆရာဝန် (အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ရ ဆရာဝန် (အမျိုးသမီး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲအခမ်း အနားကို မတ်လ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆေးပညာဘွဲ့ရ ဆရာဝန် (အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ရ ဆရာဝန် (အမျိုးသမီး) ဗိုလ်လောင်းသင်တန်းအား အမှတ်စဉ် (၁) မှ (၆) အထိ အမျိုးသမီး ပြန်တမ်းဝင်အရာရှိ ၉၀ ဦးကို သင်တန်းဆင်းပေးနိုင်ခဲ့ပြီး ဆေးမှူးပြန်တမ်းဝင်အရာရှိများအဖြစ် ယခုအခါ တပ်မတော်ဆေးရုံများတွင် တာဝန်အသီးသီး ထမ်း ဆောင်လျက်ရှိပါသည်။
အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရာထူးခန့်ချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကျောင်းအုပ်ကြီး၊ တပ်နယ်မှ အရာရှိကြီးများနှင့် သင်တန်း ဆင်းဗိုလ်လောင်းများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
- မတ်လ ၄ ရက်တွင် ဆေးပညာဘွဲ့ရဆရာဝန် (အမျိုးသမီး)နှင့် သွားဘက်ဆိုင် ရာဆေးပညာဘွဲ့ရဆရာဝန် (အမျိုးသမီး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အမှတ်စဉ် (၁) မှ (၆) အထိ အမျိုးသမီးပြန်တမ်းဝင်အရာရှိ ၉၀ ဦးကို သင်တန်းဆင်းပေးနိုင်ခဲ့။
Add new comment