ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (ဌ) နှင့်အညီ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ်တကျဆောင်ရွက် ထားခြင်းရှိ/မရှိတို့ကို စစ်ဆေးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်ပြီး စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အထူးစစ်ဆေးရေးဦးစီးဌာနမှ ဌာနဆိုင်ရာကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် ကချင်ပြည်နယ် အခြေစိုက်ပါတီ ၅ ပါတီ၊ ကရင်ပြည်နယ်အခြေစိုက်ပါတီ ၂ ပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက်ပါတီ ၂ ပါတီ၊ တနင်္သာရီတိုင်းဒေသကြီးအခြေစိုက်ပါတီ ၁ ပါတီ၊ ပဲခူးတိုင်း ဒေသကြီးအခြေစိုက်ပါတီ ၃ ပါတီ၊ မန္တလေးတိုင်းဒေသကြီးအခြေစိုက်ပါတီ ၂ ပါတီ၊ မွန် ပြည်နယ်အခြေစိုက်ပါတီ ၃ ပါတီ၊ ရခိုင်ပြည်နယ်အခြေစိုက်ပါတီ ၇ ပါတီ၊ ရန်ကုန်တိုင်း ဒေသကြီးအခြေစိုက်ပါတီ ၃၆ ပါတီ၊ ရှမ်းပြည်နယ်အခြေစိုက်ပါတီ ၁၅ ပါတီ၊ ဧရာဝတီ တိုင်းဒေသကြီးအခြေစိုက်ပါတီ ၁ ပါတီနှင့် ပြည်ထောင်စုနယ်မြေအခြေစိုက်ပါတီ ၄ ပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၈၁ ပါတီကို တို့ကို စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်မှ ၁၁ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်ပါတီများဖြစ်သော မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ကရင်အမျိုးသားပါတီတို့ကိုလည်းကောင်း၊ မတ် ၁၀ ရက်မှ ၁၂ ရက်အထိ ရခိုင်ပြည်နယ်အခြေစိုက်ပါတီဖြစ်သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် ချင်းပြည်နယ်အခြေစိုက်ပါတီဖြစ်သော ခူမီး(ခမီး) အမျိုးသားပါတီတို့ကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ ချင်းပြည်နယ်အခြေစိုက်ပါတီဖြစ်သော တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီနှင့် ရန်ကုန်တိုင်းဒေသကြီးအခြေစိုက်ပါတီဖြစ်သော ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကို ချင်းပြည်နယ်တွင်လည်းကောင်း စစ်ဆေးခံနိုင်ရန် အကြောင်းကြားထားကြောင်း သိရှိရပါသည်။
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်သည့်အဖွဲ့သည် စုစုပေါင်း နိုင်ငံရေးပါတီ ၈၁ ပါတီကို တို့ကို စစ်ဆေးခဲ့ပြီးဖြစ်။
- ၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်မှ ၁၁ ရက်အထိ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ကရင်အမျိုးသားပါတီတို့ကိုလည်းကောင်း၊ မတ်လ ၁၀ ရက်မှ ၁၂ ရက်အထိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ချင်းပြည်နယ်အခြေစိုက် ခူမီး(ခမီး) အမျိုးသားပါတီတို့ကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ ချင်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီနှင့် ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကို ချင်းပြည်နယ်တွင်လည်းကောင်း စစ်ဆေးခံနိုင်ရန် အကြောင်းကြားထား။
Add new comment