၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ငါးလတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၆,၀၀၀ ကျော်တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၂၇ သန်းကျော်ရရှိ

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိ ငါးလတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၆,၀၀၀ ကျော်တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၂၇ သန်းကျော်ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရပါသည်။

ပြည်ပနိုင်ငံများသို့ ပုစွန်တင်ပို့ရာတွင်-

  • ပုံမှန်ကုန်သွယ်ရေးမှ ပုစွန်မက်ထရစ်တန် ၄,၆၅၄ ဒသမ ၅၀၄ တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၂၀၈ သန်း။
  • နယ်စပ်ကုန်သွယ်ရေးမှ ပုစွန်မက်ထရစ်တန် ၁,၄၇၅ ဒသမ ၄၃၄ တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၅၆ သန်း။
  • စုစုပေါင်းပုစွန်မက်ထရစ်တန် ၆,၁၂၉ ဒသမ ၉၃၈ တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၅၆၄ သန်းရရှိခဲ့။

ပြည်တွင်းမှ ငါး၊ ပုစွန်နှင့် အခြားရေထွက်ကုန်များကို ထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သို့ ပုံမှန်ကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးတို့မှ တင်ပို့လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ငါးလတာကာလအတွင်း ပုစွန်အပါအဝင် ငါးနှင့် အခြားရေထွက်ကုန်စုစုပေါင်း မက်ထရစ်တန် ၂၇၁,၄၇၃ ဒသမ ၃၇၉ တန်တင်ပို့နိုင်ပြီး အမေရိကန် ဒေါ်လာ ၃၉၁ ဒသမ ၀၇၃ သန်းရရှိခဲ့ကြောင်း သိရှိရပါသည်။      

  • ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ငါးလတာကာလအတွင်း ပြည်ပသို့ စုစုပေါင်းပုစွန်မက်ထရစ်တန် ၆,၁၂၉ ဒသမ ၉၃၈ တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၅၆၄ သန်း ရရှိခဲ့။
  • ပြည်တွင်းမှ ငါး၊ ပုစွန်နှင့် အခြားရေထွက်ကုန်များကို ထိုင်းနိုင်ငံအပါအဝင် နိုင်ငံ ပေါင်း ၄၀ ကျော်သို့ ပုံမှန်ကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးတို့မှ တင်ပို့လျက်ရှိ

Add new comment