ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆက်လက်ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-

· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၅ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၆၃,၉၅၄ ဦးအားလည်း‌ကောင်း၊ ပထမအကြိမ်အဖြစ်  ပြည်သူစုစုပေါင်း ၄၂,၉၇၈ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။

· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဒီဇင်ဘာလ ၂၅ ရက် တွင် ဒုတိယအကြိမ်အဖြစ် ၁,၇၀၉ ဦးအားလည်းကောင်း၊ ပထမအကြိမ် အဖြစ် ၁၁၁ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဒီဇင်ဘာလ ၂၅ ရက် အထိ ကျောင်းသား/သူစုစုပေါင်း ၁,၄၇၀,၃၀၂ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။

· မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တိုင်းဒေသကြီး အစိုးရထောက်ပံ့မှုဖြင့် ၁ ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၂၀ လုံးထုတ်လုပ်နိုင်သည့် အောက်ဆီဂျင် စက်ရုံကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒီဇင်ဘာလ ၂၄ ရက် တွင် ဖွင့်လှစ်ပေးခဲ့။

· “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် ပြည်နယ်အစိုးရထောက်ပံ့မှုဖြင့် ၁ ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၄၀ လုံးထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ရုံကို ဒီဇင်ဘာလ ၂၂ ရက်တွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဖွင့်လှစ်ပေးခဲ့။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိရာ-

· ဒီဇင်ဘာလ ၁ ရက်မှ ၂၅ ရက်အတွင်း လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းရာ၌ ကုမ္ပဏီ ၈၃ ခုမှ ယာဉ် ၁၉၀ စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်ဖြင့် ၃၀၄ တန်၊ အောက်ဆီဂျင်(ဓါတ်ငွေ့) အိုးဖြင့် ၂ တန်၊ အောက်ဆီဂျင်(အရည်)Storage Container/Tank ၂ ခု၊ အောက်ဆီဂျင်အရည် Distributor  ၂ ခု၊ အောက်ဆီဂျင်(အိုးခွံ) ၁၃,၀၀၁ ခု၊ Oxygen Plant ၃ ခု၊ အိမ်သုံးအောက်ဆီဂျင်စက်(Oxygen Concentrator) ၅၈၁ ခု၊ Covid Test Kit ၁,၉၅၇ ခု၊ PPE ဝတ်စုံ ၁၅,၂၈၀၊ လက်အိတ် ၃၂ တန်နှင့် နှာခေါင်းစည်း (Mask) ၁,၀၃၉ တန် တင်သွင်းနိုင်ခဲ့။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၅ ရက်တွင် ဓာတ်ခွဲနမူနာ  စုစုပေါင်း ၁၀,၉၀၀ ခုအား စစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇၆ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၁.၆၁ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၂၅-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၉၇၃,၈၂၃ ခုအား စစ်ဆေး ခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၂၉,၅၀၃ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁၉,၂၅၁ ဦးရှိကြောင်း သိရှိရပါသည်။

  • တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၅ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၆၃,၉၅၄ ဦးအားလည်း‌ကောင်း၊ ပထမအကြိမ် အဖြစ် ပြည်သူစုစုပေါင်း ၄၂,၉၇၈ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
  • ၂၅-၁၂-၂၀၂၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ စုစုပေါင်း ၁,၄၇၀,၃၀၂ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
  • ၂၅-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၉၇၃,၈၂၃ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၂၉,၅၀၃ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၅၁ ဦးဖြစ်ပြီး ၂၅-၁၂-၂၀၂၁ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၁.၆၁ ရာခိုင်နှုန်းရှိ။