ဒသမအကြိမ်မြောက် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း နှစ်ပတ်လည်အစည်းအဝေးကို မတ်လ ၃ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာ-
-
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တည်ထောင်ဖွင့်လှစ်ခြင်းအားဖြင့် ပြည်သူများက မိမိတို့၏ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် စိတ်ကြိုက်ရွေးချယ်ခွင့်ရရှိမည်ဖြစ်ပြီး ပြည်သူများအတွက် မျှတသောစရိတ်ဖြင့် အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုများပေးနိုင်မည်ဖြစ်ကြောင်း။
-
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အနေဖြင့် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ပြီးကိုက်ညီမှုရှိသော ပုဂ္ဂလိကဆေးရုံ ၂၅၉ ရုံအား လုပ်ငန်းလိုင်စင်များ ခွင့်ပြုထားရှိပြီးဖြစ်ကြောင်း။
-
ကိုဗစ်-၁၉ ရောဂါ ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထလှိုင်းတို့တွင် ပုဂ္ဂလိကကဏ္ဍမှ ကျန်းမာရေးဝန်ကြီးဌာနနှင့်လက်တွဲပြီး လိုအပ်သည့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများ၊ လူအင်အားများကို ကူညီပံ့ပိုးခဲ့ကြောင်း။
-
ကိုဗစ်-၁၉ Test and Care အတွက် ပုဂ္ဂလိကဆေးရုံနှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်း များ ၃၉ ခုရှိပြီး၊ ကိုဗစ်-၁၉ ဆေးထိုးလုပ်ငန်းများဆောင်ရွက်ရန် ပုဂ္ဂလိကဆေးရုံ/ ဆေးခန်း ၃၆ ခုကို ခွင့်ပြုထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်၍ ထောက်ပံ့ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
- ဒသမအကြိမ်မြောက် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း နှစ်ပတ်လည် အစည်းအဝေးကို မတ်လ ၃ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပခဲ့။
- ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အနေဖြင့် ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ စိစစ်ပြီးကိုက်ညီမှုရှိသော ပုဂ္ဂလိကဆေးရုံ ၂၅၉ ရုံအား လုပ်ငန်း လိုင်စင်များ ခွင့်ပြုထားရှိပြီးဖြစ်။
- ကိုဗစ်-၁၉ Test and Care အတွက် ပုဂ္ဂလိကဆေးရုံနှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်း များ ၃၉ ခုရှိပြီး၊ ကိုဗစ်-၁၉ ဆေးထိုးလုပ်ငန်းများဆောင်ရွက်ရန် ပုဂ္ဂလိကဆေးရုံ/ ဆေးခန်း ၃၆ ခုကို ခွင့်ပြုထားပြီးဖြစ်။
Add new comment