မိုးကုတ်မြို့နယ်တွင် ငွေကျပ် ၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိ

မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁ ရက်၌ မန္တလေးတိုင်းဒေသကြီးရှိ လယ်ကြီးပူးပေါင်းစစ်ဆေးရေးစခန်းတွင် မိုင်းလုံမှ မိုးကုတ်သို့ မောင်းနှင်လာသည့် Nissan ၆ ဘီးယာဉ်ကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းဖြစ်သူ ဝေသူမှာ ထွက်ပြေးခဲ့ပြီး ယာဉ်နောက်လိုက် အေးနိုင် (ခ) စိုးမြင့်နိုင် (၃၀)နှစ်နှင့်အတူ ဒေသကာလတန်ဖိုးငွေကျပ် ၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ တန်သိမ်းဆည်းရမိခဲ့ပါသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း) များအား ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တာဝန်ရှိသူများက ဖမ်းဆီးရမိတရားခံအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း သိရှိရပါသည်။

  • မတ်လ ၁ ရက်၌ မိုးကုတ်မြို့နယ်တွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က Nissan ၆ ဘီးယာဉ် ၁ စီးအား ယာဉ်နောက်လိုက် အေးနိုင် (ခ) စိုးမြင့်နိုင် (၃၀)နှစ်နှင့်အတူ ငွေကျပ် ၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိခဲ့။

Add new comment