စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ကန်စွန်းအင်းကျေးရွာရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

ဒီဇင်ဘာလ ၂၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ကန်စွန်းအင်းကျေးရွာအတွင်း၌ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန်အတွက် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ စုဝေးရောက်ရှိနေကြောင်းသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ် အကြမ်းဖက်သမားများနှင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်အား ပြည်ဖျက်မီဒီယာများက လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကန်စွန်းအင်း ရွာသူရွာသားများအား ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်နေကြောင်း သတင်းမှားများ ထုတ်လွှင့်ခဲ့ပါသည်။

ဖြစ်စဉ်အမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်း အရပ်ဝတ်များဖြင့် ခိုအောင်းနေသော အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက် လုပ်ရပ်များတွင် ပါဝင်ပတ်သက်ခြင်းမရှိသည့် ကျေးရွာသူ၊ ကျေးရွာသားများအား နေအိမ်တွင် အေးချမ်းစွာပြန်လည်နေထိုင်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း၊ သက်ကြီးရွယ်အိုများနှင့် ကျေးရွာသူ၊ ကျေးရွာသားများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှာက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

  • အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ပတ်သက်ခြင်းမရှိသည့် ကျေးရွာသူ၊ ကျေးရွာသားများအား နေအိမ်တွင် အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း၊ သက်ကြီးရွယ်အိုများ နှင့်ကျေးရွာသူ၊ ကျေးရွာသားများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှာက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းများပြုလုပ်ခဲ့။